DVB Logo
Home
အားကစား
ဘရာဇီးကွင်းလယ်လူ ဂိုမက်စ်ကို ခေါ်ယူရန် မန်ယူနိုက်တက် ကြိုးပမ်း
DVB
·
March 22, 2024
ဘရာဇီးကွင်းလယ်လူ ဂိုမက်စ်ကို ခေါ်ယူရန် မန်ယူနိုက်တက် ကြိုးပမ်း
Donate to DVB

မန်ယူအသင်းဟာ ဝါရင့်ကွင်းလယ်လူ ကတ်စမီရိုရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဘရာဇီး ကွင်းလယ်ကြယ်ပွင့်တဦးကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

The Mirror သတင်းစာရဲ့ အဆိုအရ မန်ယူအသင်းဟာ အသက်အရွယ်ရလာတဲ့ ကတ်စမီရို နေရာအတွက် ဝုဗ်ကွင်းလယ်ကစားသမား ယာအိုဂိုမက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်ရှိ ဂိုမက်စ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘရာဇီးကလပ် ဖလာမင်ဂိုကနေ ပေါင် ၁၂ သန်းနဲ့ ဝုဗ်အသင်းဆီ ပြောင်းရွှေ့လာသူပါ။

ပရီးမီးယားလိဂ် ၂၈ ပွဲ ပွဲထွက်ကစားပြီး ခြေစွမ်းပြနေတဲ့ ဂိုမက်စ်ကို ဘရာဇီးအသင်းကလည်း လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ထားတာပါ။

မန်ယူအသင်းဟာ တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲ ပေးထားရတဲ့ ကတ်စမီရိုကို ဆော်ဒီကလပ်တွေဆီ ရောင်းချဖို့ စဉ်းစားနေပြီး ယာအိုဂိုမက်စ်ကို ပေါင်သန်း ၄၀ ခန့်နဲ့ ပြန်လည်ခေါ်ယူသွားမယ်လို့ သိရပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013