DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော်အဖြစ် နယူးဒေလီ ၄ နှစ်ဆက်တိုက်ရပ်တည်
DVB
·
March 21, 2024
ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော်အဖြစ် နယူးဒေလီ ၄ နှစ်ဆက်တိုက်ရပ်တည်
Donate to DVB

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီဟာ ၂၀၁၈ ခုနှစ်ကစပြီး ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော်အဖြစ် လေးနှစ်ဆက်တိုက် ရပ်တည်နေခဲ့တယ်လို့ ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ IQAir က မတ် ၁၉ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တဦးဖြစ်တဲ့ ချန်ဒရာဘူရှန်က မြေယာပျက်စီးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေဟာ လေထုညစ်ညမ်းမှုကို စိုးရိမ်စရာ ကောင်းလောက်အောင် မြင့်တက်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ မတ် ၂၀ ရက်မှာ ပြောပါတယ်။

အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရိုးရိုးစက်ရုံတွေမှာ ဇီဝလောင်စာတွေနဲ့ ကျောက်မီးသွေးလောင်စာကို တွင်တွင်ကျယ်ကျယ် သုံးတာကြောင့် ဖြစ်တာလို့ တခြားကျွမ်းကျင်သူတွေက ယူဆကြပါတယ်။

လေထုအရည်အသွေး အညွှန်းကိန်းကို ကောင်းအောင် မြှင့်တင်ဖို့ ပြည်နယ်နဲ့ ဗဟိုအာဏာပိုင်တွေ ပူးပေါင်းကြိုးပမ်းခဲ့ပေမဲ့ အိန္ဒိယမြို့တော်က လေထုညစ်ညမ်းမှု အဆင့်ဟာ ၂၀၂၃-၂၄ ခုနှစ် ဆောင်းရာသီလတွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်တလျှောက်လုံးမှာ နယူးဒေလီမြို့တော်ဟာ ပြင်းထန်တဲ့ လေထုအရည်အသွေးနဲ့ ဆက်ရုန်းကန်နေခဲ့ရပြီး လေထုအရည်အသွေးညွှန်းကိန်း (AQI) ကလည်း ၄၆၀ ကို ကျော်လွန်ခဲ့ပါတယ်။

AQI ညွှန်းကိန်း ၀ ကနေ ၅၀ အထိဟာ ကောင်းမွန်တယ်လို့ မှတ်ယူနိုင်ပေမဲ့ ၄၀၀ ကနေ ၅၀၀ အကြားကတော့ သာမန်ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေရုံသာမက နဂိုရောဂါအခံ ရှိပြီးသား လူတဦးချင်းစီကို ကျန်းမာရေးအခြေအနေ သိသိသာသာ ခြိမ်းခြောက်နိုင်ပါတယ်။

Source/Photo-REUTERS/Mohammad Ponir Hossain

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013