DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပြန်လုပ်ဆောင်ရန် ယူကရိန်းသမ္မတ တိုက်တွန်း
DVB
·
March 21, 2024
ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပြန်လုပ်ဆောင်ရန် ယူကရိန်းသမ္မတ တိုက်တွန်း
Donate to DVB

ကမ္ဘာကြီးအနေနဲ့ ရုရှားရဲ့ အင်အားသုံးမှုကို ခုခံဆန့်ကျင်ပြီးတော့ စည်းမျဉ်းကိုအခြေခံတဲ့ ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေးကို ပြန်လုပ်ဆောင်ရမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာညီလာခံတခုကို ဗီဒီယိုမိန့်ခွန်း ပြောကြားရာမှာ ကမ္ဘာပေါ်ရှိ နိုင်ငံတွေနဲ့ ဒေသအများအပြားဟာ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှု ပြန်လည်ထူထောင်ရေးကနေ အကျိုးအမြတ်ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဇလန်းစကီးက “ရူးသွပ်သွားခဲ့တဲ့ အင်အားတွေကို စည်းမျဥ်းစည်းကမ်းတွေ ပြန်လုပ်ကြရမယ်”လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကြိုးပမ်းမှုဖြစ်တဲ့ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ဒီထိပ်သီးအစည်းအဝေးကို ဒီမိုကရေစီဖောက်ပြန်မှုနဲ့ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်တွေ တိုက်စားခြင်းကို ရပ်တန့်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။

“အင်အားကြီးပြီး စည်းမျဉ်းတွေနဲ့ ကန့်သတ်မထားရင် ဒါဟာ ရူးသွပ်တဲ့အပိုင်း ရောက်သွားတတ်ပြီး ဒါမျိုး ရုရှားမှာလည်း ဖြစ်ပျက်ခဲ့တာကြောင့်မို့လို့ ကမ္ဘာကြီးဟာ အင်အားနဲ့ စည်းမျဉ်းတွေအကြား ဟန်ချက်ညီဖို့လိုအပ်တယ်လို့ ယူကရိန်းက အဆိုပြုပါကြောင်း” ဇလန်းစကီးက ပြောပါတယ်။

“ဒါဟာ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖော်မြူလာရဲ့ မရှိမဖြစ် ဗဟိုအစိတ်အပိုင်းပါပဲ” လို့လည်း ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းမှာ ကိုလိုနီကျူးကျော် မတရားတဲ့စစ်ပွဲကို ဆင်နွှဲဖို့အတွက် မှားယွင်းတဲ့ အကြောင်းပြချက်တွေကို အသုံးပြုခဲ့တယ်လို့ ကိယက်ဗ်နဲ့ သူ့ရဲ့အနောက်အုပ်စု မိတ်ဖက်တွေက စွပ်စွဲခဲ့ပါတယ်။

ရုရှားကလည်း သူ့နိုင်ငံရဲ့ ကိုယ်ပိုင်လုံခြုံမှုကို သေချာစေဖို့အတွက် အထူးစစ်ဆင်ရေးတခုနဲ့ သူ့တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကပဲ ယူကရိန်းကို စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013