DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ်၏အကြမ်းဖက်မှုကြောင့် ပြည်သူ ၄၇၅၀ ကျော် သေဆုံး
DVB
·
March 21, 2024
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ်၏အကြမ်းဖက်မှုကြောင့် ပြည်သူ ၄၇၅၀ ကျော် သေဆုံး
Donate to DVB

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေ ကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၄,၇၅၀ ကျော်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၂၄ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၄၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၁၃၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ မတ် ၁ ရက် ကနေ ၂၀ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၁၆ ယောက်နဲ့ အမျိုးသား ၂၁ ယောက် စုစုပေါင်း ၃၇ ယောက် သေဆုံးခဲ့ပြီး အသက် ၁၈ နှစ် အောက် သေဆုံးသူ ၁၃ ယောက် ပါဝင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်မနက် ၁ နာရီလောက်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေ လာ ရောက်နေထိုင်ကြတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါကျေးရွာကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မင်းပြား မြို့နယ်၊ သာဒါကျေးရွာက ဟာဘောန်အာလီ အပါအဝင် ဒေသခံ ၉ ယောက်နဲ့ ဆင်ကြီး ပြင်ကျေးရွာက စစ်ဘေးရှောင်ဖို့ လာရောက်နေထိုင်ကြတဲ့ အဇူးရိုး အပါအဝင် ၁၃ ယောက် ဗုံးစထိမှန်ပြီးတော့ နေရာတင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013