DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား  ၇၅  ဦး ဖမ်းဆီးခံရ 
DVB
·
March 20, 2024
ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား  ၇၅  ဦး ဖမ်းဆီးခံရ 
Donate to DVB

မြန်မာနိုင်ငံမှာ စစ်ကောင်စီက  ပြည်သူတွေအပေါ် စစ်သားစုသစ်ဆောင်းလာတဲ့နောက် ပြည်ပနိုင်ငံကို ထွက်ပြေးသူ လူရွယ်လူငယ်တွေ တနေ့တခြားများပြားလာပြီး အဲဒီထဲမှာ ထိုင်းကို တရားမဝင်ထွက်ပြေးလာသူတွေ အဖမ်းအဆီးခံရတာလည်း နေ့စဉ်လိုရှိနေပါတယ်။

မတ် ၁၉ ရက် တနေ့တည်း နေရာ ၃ ခုကနေ အဖမ်းခံရသူပေါင်း ၇၅ ဦးရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ပထမဖြစ်စဉ်မှာ ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ်ထဲမှာ ဖြစ်ပါတယ်။ မတ် ၁၉ ရက် မနက်စောစောက အယုဒ္ဓယခရိုင်ရဲတပ်ဖွဲ့ဝင်တွေဟာ အယုဒ္ဓယ - ဘန်ကောက်သွား အမှတ် ၃၂ အာရှလမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ စစ်ဆေးစဉ် လေးလံသောအရာတွေ တင်ဆောင်လာဟန်ရှိတဲ့ အနက်ရောင် တိုယိုတာကား ၁ စီးကို မသင်္ကာလို့ စစ်ဆေးရာဖို့ ရပ်တန့်ခိုင်းရာ ကားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့်မောင်းထွက်သွားခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

ရဲကားနဲ့ အနောက်ကနေ ထက်ချပ်မကွာ လိုက်လံဖမ်းဆီးရာမှာ အဆိုပါကားဟာ ကားတွေကို တစီးပြီးတစီး ယာဉ်ကြောပြောင်း ကျော်တက်သွားကြောင်း၊ ကားမောင်းပုံမူမမှန်တာကြောင့် လမ်းပေါ်သွားလာနေသူတွေလည်း ထိတ်လန့်စိုးရိမ်ခဲ့ကြောင်း၊ ရဲကားက ကျော်တက်ပြီး ရှေ့ကနေ ပိတ်ရပ်ရာမှာ အဆိုပါကားက ရဲကားကို အရှိန်နဲ့ ဝင်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကားရပ်သွားပြီး စစ်ဆေးရာမှာတော့ ကားနောက်ပိုင်းမှာ လဲလျောင်းတဲ့အနေအထားနဲ့ ပူးကပ်ပြီး လိုက်လာတဲ့ တရားမဝင် မြန်မာအလုပ်သမား ဆယ်ယောက် (အမျိုးသားကိုးယောက်၊ အမျိုးသမီးတယောက်) တို့ကို တွေ့ရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

ယာဉ်မောင်းမှာ တာ့ခ်ခရိုင် ဖုပ်ဖရမြို့မှ အသက် ၃၃ နှစ်ရွယ်ရှိ နိုင်းရှဲ့လီ ဆိုသူဖြစ်ပြီး သူဟာ မီးပြင်သမားတယောက်ဖြစ်ကြောင်း၊ အဲဒီနေ့ ညသန်းခေါင်ကျော်မှာ ပွဲစားတယောက်က အဆိုပါ မြန်မာဆယ်ယောက်ကို တာ့ခ်ခရိုင်ကနေ ဘန်ကောက်ထိ တဦးလျှင် ဘတ် ၁၉၀၀ နှုန်းနဲ့ ပို့ပေးဖို့ ဆက်သွယ်လာတာကြောင့် အပိုဝင်ငွေရလိုစိတ်နဲ့ တင်ဆောင်ခဲ့တာလို့ ဝန်ခံသွားပါတယ်။ 

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကတော့ သူတို့ဟာ ထိုင်းနိုင်ငံထဲကို ပွဲစားအဆက်သွယ်နဲ့ တာ့ခ်ခရိုင် တောလမ်းထဲကနေ ခြေလျင်လျှောက်ဝင်ခဲ့ကြောင်း၊ ပွဲစားကို ၁ ဦးလျှင် ဘတ် ၈ သောင်းမှ ၁ သိန်းထိ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝကဥပဒေနဲ့ အရေးယူဖို့  ဘန်ပအင်မြို့နယ် လဝက ရဲ တပ်ဖွဲ့ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ဒုတိယဖြစ်စဉ်မှာ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲမှာ ဖြစ်ပါတယ်။ တာ့ခ်ခရိုင် ၅ မြို့နယ် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေဟာ မတ် ၁၉ ရက် မနက် ၁၀ နာရီလောက်က  နယ်စပ်ဥပ‌ဒစိုးမိုးရေး ဆောင်ရွက်နေစဉ် နယ်စပ်ကနေ ဘန့်မွန်ရိချိုင်းကျေးရွာဘက်ကို မောင်းဝင်လာတဲ့ ဟိုင်းလပ်စ်ကားသုံးစီးကို တားဆီး စစ်ဆေးခဲ့တာပါ။ 

ကားသုံးစီးကို မောင်းနှင်လာသူတွေမှာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ကားပေါ်ကနေ အထောက်အ ထားမဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၄၄ ယောက် (အမျိုးသား ၃၄ ယောက်၊ အမျိုးသမီး ၁၀ ယောက်) တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

တတိယဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံ အလယ်ပိုင်း ကန်ကျနပူရီခရိုင် ထောင်းန်ဖာဖူးမြို့ နယ်ထဲမှာဖြစ်ပြီး နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မတ် ၁၉ ရက် မနက်က လုံခြုံရေးကင်းလှည့်စစ်ဆေးစဉ်  နယ်စပ်ဘက်ကနေ  ထောင်းန်ဖာဖူးမြို့နယ် ချားလဲအုပ်စုထဲ ဝင်ရောက်လာတဲ့ အနက်ရောင်အီဇူးစူးကား ၁ စီးကို တားဆီးစစ်ဆေးခဲ့ပါတယ်။ 

အဲဒီနောက် ကားနောက်ခန်းရော ရှေ့ခန်းမှာပါ ပြွပ်သိပ်လိုက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၂၁ ဦးတို့အပြင် မှီခိုသူအဖြစ်လိုက်ပါလာတဲ့ ကလေးငယ် ၂ ဦးကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ 

သူတို့ဟာ မြန်မာဘက်ခြမ်း ဘုရားသုံးဆူရွာဘက်ကနေ တောလမ်းထဲက ဝင်ရောက်လာတယ်၊ သွားကြိုတဲ့ ယာဉ်မောင်းမှာ ထိုင်းအမျိုးသားဖြစ်ပြီး အားလုံးကို လဝကဥပဒေနဲ့ အရေးယူဖို့  ထောင်းန်ဖာဖူးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013