DVB Logo
Home
Lead Story
ကြားဖြတ်မလုပ်တော့ဘူးဆိုတဲ့ ထုတ်ဖော်ပြောဆိုချက်အပေါ် မတူကွဲပြားတဲ့ အမြင်များ
DVB
·
September 7, 2014
ကြားဖြတ်မလုပ်တော့ဘူးဆိုတဲ့ ထုတ်ဖော်ပြောဆိုချက်အပေါ် မတူကွဲပြားတဲ့ အမြင်များ
1 / 5
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ စက်တင်ဘာ ၇ ရက်က ရန်ကုန်မှာလုပ်တဲ့ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ထုတ်ပြောလိုက်ပါတယ်။ ကော်မရှင်ရဲ့ ကြားဖြတ်မလုပ်တော့ဘူးဆိုတဲ့ ထုတ်ဖော် ပြောဆိုချက် အပေါ် မတူကွဲပြားတဲ့အမြင်တွေ ထွက်ပေါ်လာပါတယ်။

ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က တချို့ပါတီတွေ ၀င်ပြိုင်ဖို့ ပြင်ဆင်နေကြပြီ၊ ကော်မရှင် ဒီလို မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

[caption id="attachment_64424" align="alignright" width="300"]IMG_0280 ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင် ဦးအေးသာအောင်[/caption]

“အမှန်ကတော့ ဒီလို မဖြစ်သင့်ဘူးပေါ့။ ပထမတုန်းက လုပ်မယ်၊ နောက်မလုပ်ဘူး၊ နောက်တခါ လုပ်မယ်၊ မလုပ်ဘူး။ ဒါက တကယ် တိုင်းပြည်အတွက်ဆိုတာထက် လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေမှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်အရွေးခံကြမယ့် နိုင်ငံရေးပါတီများရဲ့ အခြေအနေကို တနည်းအားဖြင့် စမ်းသပ်လိုတဲ့ သဘောမျိုးနဲ့ ကြားဖြတ်ရွေးကောက်ပွဲကို လုပ်နေတာလား။ အဲဒီလို စဉ်းစားစရာတွေ ဖြစ်လာတယ်။ အခုလည်းပဲ အကြောင်းတခုခုကြောင့် ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ ထုတ်ဖော်ပြီး ပြောပြီးခါမှ မလုပ်တော့ဘူးဆိုတာ ဖြစ်လာပြန် တယ်။ တချို့ ပါတီတွေဆို ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တာတွေ ကိုယ်စားလှယ်လောင်း ရွေးတာတွေ အကုန်လုံး လုပ်ပြီးပြီ။ အဲဒီလိုလုပ်ပြီးမှ မလုပ်တော့ဘူးဆိုတော့ ဒါက တကယ်တော့ မဖြစ်သင့်ဘူး။ ကော်မရှင်က ဒီလိုလုပ်နေတဲ့ အနေအထားမျိုးတွေ တကယ်တော့ မလုပ်သင့်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကြားဖြတ်မလုပ်တာကို ထောက်ခံပေမယ့် ကော်မရှင်က အခုတမျိုးတော်ကြတမျိုး ပြောနေတာတော မလုပ်သင့်ဘူးလို့ ပြောပါတယ်။

[caption id="attachment_64425" align="alignleft" width="300"]U Ye Tun သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း[/caption]

“ရွေးကောက်ပွဲကော်မရှင် အခုတမျိုး တော်ကြာတမျိုးပြောတာကတော့ မဖြစ်သင့်ဘူးပေါ့။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲက ဒီလောက်သက်တမ်းကလေးအတွင်းမှာ လုပ်ပေးမယ်လို့ မူလပြောတဲ့ အချိန်တုန်းက ကျနော့်တဦးတည်း သဘောထားက မလုပ်သင့်ဘူးလို့ ထင်တာပဲလေ။ ဒါက အစကတည်းက မကြေညာသင့်ဘူးပေါ့။ သက်တမ်းက တိုတိုလေး ကျန်တော့တယ်။ နောက်ပြီးခဲ့တဲ့ ၂၀၁၂ မှာလည်း တခါလုပ်ပြီးပြီ။ ကျနော်ကတော့ မလုပ်တာတော့ မှန်တယ်လို့ ယူဆတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ အခုတမျိုး အခုတမျိုးဒီလို ပြောတာ မသင့်ဘူးပေါ့လေ။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကတော့ ဘာသဘောထားမှတ်ချက်မှ မပေးလိုတော့ဘူးလို့ ပြောပါတယ်။

[caption id="attachment_64426" align="alignright" width="300"]Ko Mya Aye ကိုမြအေး (၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)[/caption]

“ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ အခုလုပ်မယ်ပြောလိုက် အခုမလုပ်ဘူးပြောလိုက် ဆိုတော့ ကျနော့်အမြင်ကတော့ ဘာလုပ်နေမှန်းကို မသိတော့ဘူး။ ရိုးရိုးပြောရမယ်ဆိုရင် နိုင်ငံတခုက တည့်တည့်မတ်မတ်သွားမယ်ဆိုတဲ့ ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတိကျတဲ့ ဆုံးဖြတ်ချက်ကို မရှိဘူးလို့ဘဲ မြင်တယ်ဗျ။ စိတ်ကူးပေါက်ရင် တမျိုး၊ စိတ်ကူးပေါက်ရင် လုပ်လိုက်နဲ့ တော်တော်ခန့်မှန်းရခက်ပါတယ်။ ဘာမှတ်ချက်မှလည်း မပေးချင်တော့ပါဘူး။”

ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်ကတော့ ရွေးကောက်ပွဲ လုပ်ခြင်း မလုပ်ခြင်း အပါအ၀င် နိုင်ငံရေးလှည့်ကွက်တွေ အားလုံးဟာ လက်ရှိ အာဏာရပါတီရဲ့ သဘောနဲ့ လုပ်နေတာချည်းပဲလို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

[caption id="attachment_64427" align="alignleft" width="300"]ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့် ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်[/caption]

“ကျနော်တည့်တည့်ပဲ ပြောလိုက်တော့မယ်ဗျာ။ လက်ရှိအာဏာရပါတီကြီးရဲ့ သဘောနဲ့ပဲ ဆိုင်တယ်ဗျ။ လက်ရှိအာဏာရပါတီကြီးက လုပ်သင့်တယ်လို့ ယူဆရင် ကော်မရှင်ကို ဖိအားပေးရင် ကော်မရှင်ကလုပ်မယ်။ ကြားထဲမှာ လုပ်မယ်၊ မလုပ်ဘူး ဒါတွေက နိုင်ငံရေး လှည့်ကွက်တွေပဲဗျ။ သူတို့က လှည့်ရင် လှည့်စားသလို ကြိုက်တဲ့အချိန်မှာ နိုင်ငံရေးပုံစံ အမျိုးမျိုး အပြောင်းအလဲဖြစ်တယ်ပေါ့။ ဥပမာ - လက်ရှိ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးဟာ နိုင်ငံရေးပါတီ အာဏာရပါတီတခုရဲ့ အဓိက နိုင်ငံရေးလှည့်စားမှုလို့ပဲ ကျနော့်ကတော့ မြင်တယ်။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ်ပေါ့။”

ကော်မရှင်ရဲ့ ကြားဖြတ်မလုပ်တော့ဘူးဆိုတဲ့ ထုတ်ဖော်ပြောဆိုချက်အပေါ် မတူကွဲပြားတဲ့ အမြင်တွေ စုစည်းတင်ဆက်ပေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013