Home
အာရှဒေသ
အရွယ်မရောက်သေးသူကို အရွယ်ရောက်ပြီးသူအဖြစ် အရေးယူမည့် အိန္ဒိယ ဥပဒေမူကြမ်း
DVB
·
September 7, 2014
အိန္ဒိယအစိုးရအဖွဲ့ဟာ ၁၆ နှစ်ကျော်အရွယ်ရှိတဲ့ ကလေးသူငယ်တွေကို လူသတ်မှုနဲ့ အဓမ္မကျင့်မှုတွေအတွက် အရွယ်ရောက်ပြီးသူအဖြစ် ရုံးတင်စစ်ဆေးမယ့် ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပါတယ်။ ၂၀၁၂ ခုနှစ်က ဒေလီမှာဖြစ်ခဲ့တဲ့ အုပ်စုဖွဲ့အဓမ္မကျင့်မှုနဲ့ လူသတ်မှုတွေမှာ အသက် ၁၇ နှစ် အရွယ်တွေ ပါဝင်ကျူးလွန်ခဲ့တဲ့နောက် ဆယ်ကျော်သက်တွေကို တင်းတင်းကျပ်ကျပ်အရေးယူပေးဖို့ ဒီလှုပ်ရှားမှုက ခုလိုတောင်းဆိုလိုက်တာပါ။ India_New_Minor_Law_web_140830_672အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးနဲ့ကလေးသူငယ်ဖွံ့ဖြိုးရေးဝန်ကြီး မန်နေကာက အသက် ၁၆ နှစ်ကျော်အရွယ်ရှိတဲ့ ကလေးသူငယ်တွေကို အရွယ်ရောက်ပြီးသူအဖြစ် ရုံးတင် စစ်ဆေးသင့်တယ်လို့ ပြောပါတယ်။ ''ရဲမှတ်တမ်းတွေအရတော့ လိင်ပိုင်းဆိုင်ရာရာဇ၀တ်မှု ၅၀ ရာခိုင်နှုန်းက အသက် ၁၆ နှစ်အရွယ် တွေ ကျူးလွန်ကြတယ်လို့ ဆိုပါတယ်။ သူတို့က ဒီဥပဒေကိုသိနေတဲ့အခါကျတော့ သူတို့လွတ်တယ်လို့ တွက်ထားကြတာလေ။ ဒါပေမယ့် အခု သူတို့ကို အရွယ်ရောက်ပြီးသူတွေအဖြစ် အရေးယူမှာဆိုတော့ သူတို့လဲ ကြောက်သွားကြမှာပါ။' မန်နေကာဟာ အစိုးရအဖွဲ့ဝင်တွေကို အာင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါတယ်။ အိန္ဒိယမြို့ကြီးထဲက ဘက်စ်ကားပေါ်မှာ ဖြစ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူတယောက်ကို အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်ခဲ့မှုဟာ တကမ္ဘာလုံးကို ယမ်းပုံမီးကျဖြစ်သွားစေပြီး တင်းကျပ်တဲ့ အဓမ္မကျင့်မှုတိုက်ဖျက်ရေး ဥပဒေသစ်တွေ ရေးဆွဲဖို့ အိန္ဒိယအာဏာပိုင်တွေကို ဖိအားပေးခဲ့ကြပါတယ်။ ဒီအမှုမှာ စွဲဆိုခံထားရတဲ့ ၆ ယောက်ထဲက တယောက်ဟာ အသက် ၁၇ နှစ်သာ ရှိသေးတာမို့ ကျန်တဲ့သူတွေလို သာမန်တရားရုံးမှာ စစ်ဆေးလို့ မရခဲ့ပါဘူး။ သူ့ကို လူငယ်တရားစီရင်ရေးအဖွဲ့က လူငယ်ထိန်းသိမ်းရေးစခန်းမှာ 3 နှစ် နေထိုင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါဟာ ပေးနိုင်သမျှ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။ ဒေလီမှာ အုပ်စုဖွဲ့အဓမ္မကျင့်ခံရသူရဲ့ မိခင်ဖြစ်သူ အာရှာဒေ၀ီက ''ကျမသမီးလေးအမှုမှာ တရားခံက ဘာမှမဖြစ်ဘဲ လွတ်သွားလို့ အရမ်းကို စိတ်ထိခိုက်ခဲ့ရတယ်။ အခုလို ဥပေဒပြင်ဆင်လိုက်တဲ့အတွက် နောင်မှာ အမျိုးသမီးတွေ ဒီလိုအဖြစ်ဆိုးမျိုး မကြုံရတော့ဘူး ဆိုတာသိရလို့ ကျမ၀မ်းသာတယ်။ ခံရသူဘက်မှာ ဥပဒေရဲ့အကာအကွယ်ရသလို ကျူးလွန်သူ လူငယ်တွေလည်း ထိုက်သင့်ပြစ်ဒဏ်ခံရတော့မယ်လေ။” နိုင်ငံရေးပါတီအများစုကလည်း အစိုးရရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပါတယ်။ အိန္ဒိယကူမြူနစ်ပါတီရဲ့ အကြီးတန်းခေါင်းဆောင်တဦးဖြစ်တဲ့ အတူးလ်ကူမာအန်ဂျန်က “လူသတ်မှုလို ကြီးလေးတဲ့ ရာဇ၀တ်မှုတွေမှာ ကလေးသူငယ်တွေ ပါဝင်ကျူးလွန်နေတဲ့သတင်း တွေက တနိုင်ငံလုံးမှာ မကြားချင်အဆုံးပဲ။ ဒါပေမယ့် လူငယ်တရားစီရင်ရေး အက်ဥပဒေက အကာအကွယ်ပေးထားတော့ သူတို့ကို အရေးယူလို့မရပြန်ဘူး။ ဖြစ်ခဲ့တဲ့ အမှုတွေကို အလေးအနက် ဆင်ခြင်ကြည့်ရင်လည်း အသက် ၁၈ နှစ်ကနေ ၁၆ နှစ်ထိ လျှော့ချတယ်ဆိုတာကလည်း လိုအပ်နေပြန်ရော။” ဒါပေမယ့် သိပ်အန္တရာယ်ရှိတဲ့ ကလေးတွေနဲ့ အလုပ်လုပ်နေတဲ့ လူ့အခွင့်အရေးအုပ်စုတွေနဲ့ အန်ဂျီအိုတွေကတော့ ဒီလှုပ်ရှားမှုကို အပြင်းအထန်ကန့်ကွက်နေကြပါတယ်။ ဒါဟာ အလွယ်လမ်းလိုက်တာ ဖြစ်ပြီး ကလေးသူငယ်တွေကြား ရာဇ၀တ်မှု ထူပြောလာရတဲ့ အရင်းခံအကြောင်းကို ဖြေရှင်းရာ မရောက်ဘူးလို့ ဆိုပါတယ်။ နယူးဒေလီအခြေစိုက် လူ့အခွင့်အရေးဥပဒေ ကွန်ရက်အဖွဲ့ရဲ့ ဒါရိုက်တာ ကောလင်းဂွန်းစလေ့ဗ်က ''လူငယ်ပြစ်မှုတွေမြင့်တက်လာရတဲ့အကြောင်းကို ကျနော်တို့ မစူးစမ်းသင့်ဘူးလား။ ဒေလီကိုပဲ ကြည့်လေ။ ကလေးသူငယ် ၂ သိန်းလောက်က လမ်းပေါ်ရောက်နေတယ်။ သူတို့ပြစ်မှုကျူးလွန်ရင် ရဲလက်အပ်တယ်။ စခန်းရောက်တော့ အဓမ္မကျင့်ခံရတယ်။ ပြစ်ဒဏ်အဖြစ် အိမ်သာသန့်ရှင်းရေး လုပ်ခိုင်းတယ်။ ဒါဟာ လူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ရာဇ၀တ်မှုပဲ။ အကြမ်းဖက်တာပဲ။ အဲတော့ ဆင်းရဲသားပညာမဲ့ လူငယ်တွေရဲ့စိတ်ထဲမှာ အိန္ဒိယနိုင်ငံမှာ သူတို့အတွက် ဘာအခွင့် အရေးမှ မရှိဘူးလို့ ခံစားလာရတာပေါ့” လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်မှာ လူငယ်တရားစီရင်ရေးအက်ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ ဒီဥပဒေအရ အရွယ်မရောက်သေးသူရဲ့ အသက်ကို ၁၆ နှစ်ကနေ ၁၈ နှစ်ထိ သတ်မှတ်ခဲ့ပါတယ်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကုလညီလာခံရဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် ဒီလို ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ လက်ရှိပြင်ဆင်လိုက်တဲ့ဥပဒေဟာ တကယ့်ကိုနောက်ကြောင်းပြန်စွဲတဲ့ ဥပဒေပဲလို့ ကုလကဖော်ပြခဲ့ပါတယ်။ လူ့အခွင့်အရေးဥပဒေပညာရှင် ဗရင်ဒါဂရုဗာက “ဥပဒေပြဋ္ဌာန်းခဲ့တဲ့ လက်ရှိအစိုးရကပဲ ဒီဥပေဒကိုပြန်လည်ပြင်ဆင်လိုက်တာပါ။ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ဖောက်ဖျက်လိုက်တာမို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရဦးမှာပါ” လို့ ပြောပါတယ်။ ဥပဒေအရ တာဝန်ခံနိုင်တဲ့ အသက်ကို လျှော့ချပစ်တာဟာ အိန္ဒိယတနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ယူကေလိုနိုင်ငံတွေမှာတောင် ၁၈ နှစ်အောက်ထိ လျှော့ချ သက်မှတ်ခဲ့ပါတယ်။ နိုင်ငံတကာ ဥပဒေပညာရှင် ကရူနာနန်ဒီကတော့ ဒီလိုကျင့်သုံးလိုက်ရုံနဲ့ လူငယ်ရာဇ၀တ်မှု တွေ လျော့ကျမသွားနိုင်ဘူးလို့ ပြောပါတယ်။ “ဟားဗတ်တက္ကသိုလ်၊ အမေရိကန်တရားရေးဌာန၊ နယူးဇီလန်နဲ့ ကျမတို့နိုင်ငံကနေ သုတေသန လုပ်ထားတဲ့ စာတမ်းတွေအများBကီးပဲ။ ဒီစာတမ်းတွေအရ ဆယ်ကျော်သက်တွေကို အရွယ်ရောက်ပြီးသူတွေနဲ့အတူ ထောင်သွင်းအကျဉ်းချမယ်ဆိုရင် ရာဇ၀တ်မှုဖြတ်ပွားတဲ့နှုန်း၊ ထပ်ခါတလဲလဲ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ကြောက်ခမန်း မြင့်တက်လာမှာဖြစ်လို့ ကျမတို့ အမျိုးသမီးတွေရော၊ လူ့အဖွဲ့အစည်းမှာပါ ပိုပြီးလုံခြုံမှု ကင်းမဲ့လာမှာဖြစ်ပါတယ်။” ဒီဥပဒေမူကြမ်းကို လွှတ်တော်ပြုပေးဖို့ လိုပါသေးတယ်။ အာရှဒေသ အစီအစဉ်အတွက် နယူးဒေလီမြို့မှ ဘစ်မီလာဂီးလန်နီက သတင်းပေးပို့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024