DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းတွင် မီးခိုးမြူများလျော့ပါးရန် မိုးအတုရွာချ 
DVB
·
March 19, 2024
ထိုင်းမြောက်ပိုင်းတွင် မီးခိုးမြူများလျော့ပါးရန် မိုးအတုရွာချ 
Donate to DVB

လတ်တလော ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးခိုးမြူတွေအုံ့ဆိုင်းပြီး လေထုညစ်ညမ်းမှု တွေ ဖြစ်ပေါ်နေတာကို လျော့ပါးရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူတွေက နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေပြီး မတ် ၁၈ ရက်မှာ  ထိုင်းမြောက်ပိုင်းဒေသ မိုးတုထုတ်လုပ်ရေးဌာနက လေယာဉ်ပျံ နှစ်စီးနဲ့ မိုးအတု ရွာချပေးခဲ့ပါတယ်။ 

CN အမည်ရှိ မိုးတုလေယာဉ်ဟာ မတ် ၁၈ ရက် မနက် ၁၀ နာရီကစ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် ဝမ်းနေမြို့နယ်၊ ဖယောင်းခရိုင် မိန်း၊ ကျွန်း၊ တောက်ခမ်းတိုက်၊ ထိန်း စတဲ့မြို့နယ်တွေမှာ မိုးတုရွာချပေးခဲ့သလို ဥဒရာဒေ့ချ်ခရိုင်ရှိ  သီရိခေတ်ဆည်ကြီးကိုလည်း ရေတွေဖြည့်ပေးခဲ့ပါတယ်။ 

အလားတူ  CASA အမည်ရှိ လေယာဉ်ကလည်း  မနက် ၁၀ နာရီခွဲကစ ဖရဲ့ခရိုင် လောင်းမြို့နယ်၊ ဝမ်းချင့်မြို့နယ်၊ ဆောင်မြို့နယ်တွေမှာ မိုးတုရွာချခဲ့ပါတယ်။ 

အဆိုပါမိုးတုရွာသွန်းပေးခဲ့တဲ့နေရာတွေဟာ တောမီးတွေ လောင်ကျွမ်းတဲ့ဒေသတွေလို့ ဆိုပါ တယ်။ ခုလို မိုးတုရွာပေးခြင်းအားဖြင့် သစ်တောအစိုဓာတ်ကိုပါ ဖြည့်ဆည်းပေးတယ်၊ လေယာဉ် ပေါ်ကနေ ရေခဲခြောက်တွေ ကြဲချပေးပြီး လေထုအပူချိန်ကို လျှော့ချစေတယ်၊ မီးခိုးမြူတွေကို ဖောက်ခွင်းပြီး လေဝင်လေထွက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ 

မိုးတုရွာချချိန်မှာ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ထိုင်းမြောက်ပိုင်းဒေသ လုပ်ငန်းဆောင် တာတွေကို ကွင်းဆင်းစစ်ဆေးနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ 

ဝန်ကြီးချုပ် ဆေထာက သူ့အနေနဲ့  မီးခိုးမြူပြဿနာကို အလေးအနက်ထားပါကြောင်း၊  နိုင်ငံအတွင်းမှာ မီးခိုးမြူ လျော့ပါးရေးနည်းအမျိုးမျိုးနဲ့ အစွမ်းကုန်ဆောင်ရွက်နေလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊  ထိုင်းရဲ့မီးခိုးမြူပြဿနာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ တောင်ယာမီးရှို့မှုတွေကြောင့်လည်းပါတာကြောင့် တောင်ယာမီးရှို့မှု လျော့ချရေးအတွက် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့  ဆွေးနွေးပြီး မြန်မာနိုင်ငံကတော့ လက်ရှိ တပ်မတော်အကြီးအကဲနဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ တောင်ယာမီးရှို့တာ မရပ်တံ့ပေးနိုင်ပါက နောင်နှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း  ထိုင်းကနေ ပြောင်းဖူးဝယ်ယူမှု ရပ်နားထားရမယ်လို့  မတ် ၁၆ ရက်က ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ် မယ်ငတ်ဆည်ရှိ ဌာနဆိုင်ရာအစည်းအဝေးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ မီးခိုးမြူပြဿနာဟာ မနှစ်ကထက်စာရင်တော့ ၃ ပုံ ၁ ပုံ လျော့ပါးသွားပါပြီလို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။ 

ထိုင်းအထက်ပိုင်းဒေသရဲ့ မတ် ၁၉ ရက် ဒီကနေ့ မြူမှုန်သိပ်သည်းဆအခြေအနေမှာ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်မှာ  ၂၂၁ US  AQI၊ ချင်းရိုင်းခရိုင် မြို့တွင်းမှာ ၂၀၇  US  AQI၊ ချင်းမိုင်မြို့တွင်း ၂၀၅ US  AQI  နဲ့ ခရမ်းရောင်အဆင့်ရှိနေပါတယ်။ 

ချင်းမိုင် ဒွိုင်စကစ်မြို့နယ်မှာ ၁၉၄ US  AQI၊ လမ်းပန်းခရိုင် မဲ့မောမြို့နယ်မှာ ၁၆၇ US  AQI၊ ဥဒရာဒေ့ချ်ခရိုင် မြို့တွင်းမှာ ၁၆၀ US  AQI၊ ဖစ်ချဘွန်းခရိုင် မြို့တွင်းမှာ ၁၅၆ US  AQI၊  ခွန်ကဲန်ခရိုင် မြို့တွင်းမှာ ၁၅၃ US  AQI  နဲ့ အနီရောင်ဆင့်၊ ဆုခိုထိုင်းမြို့ပေါ်မှာ ၁၄၈ US  AQI  နဲ့  နခွန်းရာ့ချ်ဆီမားမြို့မှာ ၁၄၈ US  AQI  နဲ့ လိမ္မော်ရောင်ဆင့် ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013