DVB Logo
Home
နိုင်ငံတကာ
NAACP Image Awards ဆုပေးပွဲကျင်းပ၊ President's Award ကို အဆိုတော် Usher ဆွတ်ခူး
DVB
·
March 19, 2024
NAACP Image Awards ဆုပေးပွဲကျင်းပ၊ President's Award ကို အဆိုတော် Usher ဆွတ်ခူး
Donate to DVB

နှစ်စဉ်ကျင်းပနေကျ NAACP Image Award ဆုပေးပွဲကို အမေရိကန်နိုင်ငံ၊ လော့စ် အိန်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်က ကျင်းပခဲ့ပြီး အခုနှစ်အတွက် President's Award ဆုကို အဆိုတော် Usher က ဆွတ်ခူးရရှိခဲ့သလို Entertainer of the Year ဆု ကိုလည်း ရရှိခဲ့ပါတယ်။

ဒီဆုပေးပွဲကတော့ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ပြဇာတ်၊ ဂီတနဲ့ စာပေစတဲ့ ကဏ္ဍတွေ အသီးသီးက ထူးချွန်သူတွေကို ရွေးချယ်ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး ဆုအမျိုးအစား ၄၀ ကျော်ကို NAACP အဖွဲ့ဝင်တွေက မဲပေးရွေးချယ်တာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ ၅၅ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်ရဲ့ Chairman's Award ဆုကို အမေရိကန် တက်ကြွလှုပ်ရှားသူနဲ့ ကဗျာဆရာမ Amanda Gorman ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး Vanguard Award ဆုကိုတော့ စတိုင်လစ်၊ စာရေးဆရာ၊ ဒီဇိုင်နာ၊ ရုပ်သံအစီအစဉ်တင်ဆက်သူ June Ambrose က ဆွတ်ခူးရရှိသွားခဲ့တာပါ။

ဒီအခမ်းအနားကိုတော့ စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ ကဏ္ဍတွေ အသီးသီးက ဆုရသူတွေနဲ့အတူ အနုပညာရှင်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013