DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုလိုက်ရသူများအတွက် ဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးမည်
DVB
·
March 19, 2024
တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုလိုက်ရသူများအတွက် ဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးမည်
Donate to DVB

တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ မှတ်ပုံတင်စာရင်းပေးသွင်းထားပြီး စာမေးပွဲမဖြေလိုက်ရတဲ့ ကျောင်းသားကျောင်းသူတွေ   စာမေးပွဲဖြေဆိုနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ  သိရပါတယ်။

မတ် ၁၁ ရက်က စတင်ကျင်းပခဲ့တဲ့ စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၁၄၀၀၀၀ ကျော်စာရင်းပေးခဲ့ပြီး ၁၂၀၀၀၀ ‌ဝန်းကျင်သာ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

အဆိုပါစာမေးပွဲမှာ မှတ်ပုံတင်စာရင်းပေးသွင်းပြီး မဖြေဆိုလိုက်ရတဲ့ ကျောင်းသား ကျောင်းသူတွေကို စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ‌တွေရဲ့ အထူးအစီအစဉ်အနေနဲ့ သက်ဆိုင်ရာ စာစစ်ဌာနတွေကိုခေါ်ယူပြီး စာမေးပွဲဖြေခွင့်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

အဲ့ဒီလိုဖြေဆိုစေရာမှာ မေးမြန်းထားပြီးသားမေးခွန်းကို ဖြေဆိုရမှာ မဟုတ်ဘဲ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မေးခွန်းတွေကို ထပ်မံပြုစုပြီး မေးခွန်းအသစ်နဲ့ မေးမြန်းမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။

စာမေးပွဲဖြေဆိုရမယ့်သူတွေအတွက် နေ့ရက်နဲ့ စာစစ်ဌာနတွေကိုတော့ ထပ်မံကြေညာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီ(ကယား) ပြည်နယ်မှာ စာစစ်ဌာန လုံးဝဖွင့်လှစ်နိုင်ခြင်းမရှိသလို ရခိုင်ပြည်နယ်မှာလည်း စာရင်းပေးထားသူ ၁၈၀၀၀ ကျော်‌ရှိပေမယ့် ဖြေဆိုသူကတော့ ၈၀၀၀ လောက်သာရှိခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံတဝန်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူပေါင်း  တသန်းလောက်ရှိခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကျွန်ပညာရေးကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့   သိန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေက စာမေးပွဲမဖြေဆိုဘဲ သပိတ်မှောက်ထားကြတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုလိုက်ရသူများအတွက် ဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးမည်