DVB Logo
Home
နိုင်ငံတကာ
ခံဝန်ငွေ ဒေါ်လာ ၄၅၄ သန်း မတင်နိုင်ပါက ထရမ့်ပ်၏ ပိုင်ဆိုင်မှုများ သိမ်းခံရဖွယ်ရှိ
DVB
·
March 19, 2024
ခံဝန်ငွေ ဒေါ်လာ ၄၅၄ သန်း မတင်နိုင်ပါက ထရမ့်ပ်၏ ပိုင်ဆိုင်မှုများ သိမ်းခံရဖွယ်ရှိ
Donate to DVB

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် နယူးယောက်မှာ တရားစွဲခံထားရတဲ့ တရားမ လိမ်လည်မှုမှာ ခံဝန်ငွေ ဒေါ်လာ ၄၅၄ သန်း တင်ပေးဖို့အတွက် အာမခံကုမ္ပဏီ ၃၀ လောက်က ငြင်းပယ်ထားတယ်လို့ သူ့ရှေ့နေတွေက ထုတ်ပြန်ခဲ့ပြီး ခံဝန်ငွေမတင်နိုင်ရင် ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းခံရမှာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ပိုက်ဆံထုတ်ချေးတဲ့ ဘဏ်တွေနဲ့ အာမခံလုပ်ငန်းတွေကို ပိုင်ဆိုင်မှုတန်ဖိုး လိမ်ပြခဲ့တယ်ဆိုတဲ့ အမှုမှာ အပြစ်ရှိတယ်လို့ တရားသူကြီးက ဖေဖော်ဝါရီ ၁၆ ရက်မှာ စီရင်ချက် ချထားတာပါ။

ဒီအမှုကို အယူခံတက်နေတဲ့အချိန်မှာ ခံဝန်ငွေကို အာမခံကုမ္ပဏီတွေကလည်း ကိုယ်စားတင်ပေးဖို့ ငြင်းထားတဲ့အတွက် သမ္မတဟောင်းအနေနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခံဝန်ငွေ တင်ရင်တင်၊ မတင်ရင် သူ့ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းခံရမယ့် အခြေအနေ ရှိလာမှာပါ။

ခံဝန် အာမခံကုမ္ပဏီတွေ အနေနဲ့လည်း ထရမ့်ပ်သာ အယူခံရှုံးပြီး ပိုက်ဆံမပေးနိုင်ဘူးဆိုရင် သူတို့လျော်ရမှာဖြစ်တဲ့အတွက် ကိုယ်စားတင်ပေးဖို့ ဘယ်ကုမ္ပဏီကမှ ဆန္ဒမရှိ ဖြစ်နေတာပါ။

တရားသူကြီးရဲ့ အမိန့်က ဖေဖော်ဝါရီ ၂၃ ရက်မှာ တရားဝင် မှတ်တမ်းဝင်တာ ဖြစ်တဲ့အတွက် အမိန့်ချပြီး တလအတွင်း ငွေသားနဲ့ဖြစ်စေ ခံဝန်ဖြစ်စေ မတင်နိုင်ရင် ထရမ့်ပ် အော်ဂနိုက်ဇေးရှင်းပိုင် ပစ္စည်းတချို့ ထိန်းသိမ်းခံရမှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013