DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုများကို ရှုတ်ချပြီး အရပ်သားများကို အကာအကွယ်ပေးရန် ကုလထပ်မံ တောင်းဆို
DVB
·
March 19, 2024
အကြမ်းဖက်မှုများကို ရှုတ်ချပြီး အရပ်သားများကို အကာအကွယ်ပေးရန် ကုလထပ်မံ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပြင်းထန်လာတာတွေအပါအဝင် အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဆိုးရွားတဲ့ အခြေအနေနဲ့ ပဋိပက္ခတွေ တိုးမြင့်လာတာကြောင့် အလွန်အမင်း စိုးရိမ်ပူပန်နေသေးကြောင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့အညီ အကူအညီပေးရေးလုပ်သားတွေအပါအဝင် အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ ရန်လိုမှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်လှမ်းမီမှုအတွက်လည်း တောင်းဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်မှာတော့ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာတာက အိုးအိမ်စွန့်ခွာ ထွက်ပြေးရ တာတွေကို တွန်းအားပေးပြီး နဂိုရှိပြီးသား အခြေအနေတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ပိုမို ဆိုးရွားစေတယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် သက်ဆိုင်ရာ အစုအဖွဲ့တွေအနေနဲ့ အစုအပြုံလိုက် တင်းမာမှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့လည်း ကုလသမဂ္ဂအကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ 

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့အတွက်လည်း ကုလသမဂ္ဂအနေနဲ့ အာဆီ ယံအပါအဝင် တခြားဒေသတွင်း ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့ လက်တွဲဆောင်ရွက် သွားဖို့လည်း ကတိပြုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်း ကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက် ဘက်က ကျဆင်းယိုယွင်း နေခဲ့ တာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဖြစ်ပွားနေပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013