DVB Logo
Home
မြန်မာသတင်း
နမ္မတီးမြို့၌ ကချင်ဘာသာရေးဆရာ ၁ ဦး အသတ်ခံရ
DVB
·
March 19, 2024
နမ္မတီးမြို့၌ ကချင်ဘာသာရေးဆရာ ၁ ဦး အသတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်မှာ မတ် ၁၈ ရက် နေ့လယ်ပိုင်းက အမျိုးသားတဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်း သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

လမ်းခွကျေးရွာ နေအိမ် ကွန်ပြူတာဆိုင်အတွင်း အမည်မသိ အမျိုးသား သုံးဦး ဝင်ရောက်လာကာ သေနတ်နဲ့ ငါးချက်လောက် ဝင်ရောက်ပစ်ခတ်သွားလို့ သေဆုံးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက"နေ့လည် ၁၂ နာရီလောက် မျက်နှာကို mask တပ်ထားတဲ့ လူ သုံးယောက် ရောက်လာတယ်။ ကွန်ပြူတာ အခန်းထဲ အလုပ်အပ်မလို့ ဝင်လာပြီး သေနတ်နဲ့ ငါးချက်ပစ်သွားတယ်။ သေနတ်နဲ့ပစ်ပြီး သူတို့ ပြန်ထွက်သွားတယ်။ ဘာကြောင့် ပစ်လဲတော့ မသိရဘူး"လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အသက် ၄၇ နှစ်အရွယ် ဦးနမ်မြဲခွန်ဂျော်လီဟာ ဦးခေါင်း သေနတ် ဒဏ်ရာသုံးချက် ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာ နှစ်ချက် ရှိခဲ့ပြီး သေဆုံးသွားခဲ့တာပါ။

သေဆုံးခဲ့သူ ဦးနမ်မြဲခွန်ဂျော်လီဟာ ဒေသအကျိုးပြုလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင် လုပ်ကိုင်ခဲ့သူ ဖြစ်တဲ့အပြင် ကချင်နှစ်ခြင်းအသင်းတော် (KBC)ရဲ့ လူငယ်ခေါင်းဆောင်ဟောင်း တဦးဖြစ်ခဲ့တဲ့ ဘာသာရေး ဆရာတဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013