DVB Logo
Home
အားကစား
ကမ္ဘာ့အညံ့ဖျင်းဆုံး လက်ရွေးစင်အသင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးနိုင်ပွဲရရန် မျှော်လင့်
DVB
·
March 19, 2024
ကမ္ဘာ့အညံ့ဖျင်းဆုံး လက်ရွေးစင်အသင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးနိုင်ပွဲရရန် မျှော်လင့်
Donate to DVB

ကမ္ဘာ့အညံ့ဖျင်းဆုံး လက်ရွေးစင်ဘောလုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဆန်မာရီနိုအသင်း ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးနိုင်ပွဲရဖို့ မျှော်လင့်နေပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်က လူဦးရေ ၃၃၀၀၀ သာရှိတဲ့ ဆန်မာရီနိုနိုင်ငံငယ်လေးဟာ အီတလီနိုင်ငံထဲက ကုန်းတွင်းပိတ် နိုင်ငံတခုဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် ဧပြီလက လက်ချင်စတိန်းနဲ့ ခြေစမ်းပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး နောက်ပိုင်း နိုင်ပွဲမရတော့တာဖြစ်ပြီး စုစုပေါင်း ၂၀၁ ပွဲမှာ ၁၉၂ ပွဲအထိ ရှုံးပွဲတွေ့ကြံခဲ့ရတာပါ။ 

ကမ္ဘာ့အဆင့် ၂၁၀ မှာရှိတဲ့ ဆန်မာရီနိုအသင်းဟာ အခုလာမယ့်တပတ်နိုင်ငံတကာပွဲစဉ်တွေမှာ  ကာရေဘီယန်နိုင်ငံငယ်ဖြစ်တဲ့  စိန့်ကစ်နဲ့ နီဗက်စ်နိုင်ငံအသင်းတွေနဲ့  ခြေစမ်းပွဲ နှစ်ပွဲကစားသွားမှာဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးနိုင်ပွဲရဖို့ မျှော်လင့်ချက်ရှိနေတာပါ။

အသင်းအတွက် ၁၇ နှစ်ကြာ ကစားခဲ့ပြီး နိုင်ပွဲယူဆောင်ပေးနိုင်ခြင်း မရှိသေးတဲ့ အသင်းခေါင်းဆောင် ဗီတိုင်အိုလီကတော့ နိုင်ပွဲတပွဲရဖို့က အန္တိမရည်မှန်းချက်ဖြစ်ပြီး အသင်းသားတွေအတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်လာမယ်လို့ ဆိုပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013