DVB Logo
Home
မြန်မာသတင်း
ဝါးခယ်မမြို့နယ်၌ စစ်မှုမထမ်းလိုသည့် ရွာသားများထံမှ အုပ်ချုပ်ရေးမှူးက ငွေညှစ်နေ
DVB
·
March 18, 2024
ဝါးခယ်မမြို့နယ်၌ စစ်မှုမထမ်းလိုသည့် ရွာသားများထံမှ အုပ်ချုပ်ရေးမှူးက ငွေညှစ်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမကျေးရွာအုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းရရေးအတွက် ဆိုပြီး ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီးတန်ရွာမကျေးရွာအုပ်စုမှာ မတ်လဆန်းက စတင်ပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့အတွက် လူငယ်တွေရဲ့စာရင်း တောင်းခံနေတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး လှဝင်းက စစ်မှုမထမ်းလိုပါက ငွေကျပ်သိန်း ၆၀ တောင်းခံတာကြောင့် ဒေသခံတွေက စုပေါင်းကာ အုပ်ချုပ်ရေးမှူးကို ပေးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ပိုက်ဆံက ပေးပြီးပါပြီ။ အုပ်ချုပ်ရေးမှူးကို ပေးလိုက်တာ။ စစ်ကောင်စီ အဆင့်ဆင့်ကို ဒီကငွေပေးတဲ့သူတွေ စစ်မှုမထမ်းရဖို့ ပေးပြီး ပြောပေးမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက တောင်းတာ။ မတ်လ ပထမပတ်က ပေးလိုက်တာ။ တရွာလုံးက စုပေးလိုက်တာ။ မပေးရင် စစ်မှုထမ်းရမှာ။ ပြောတာ စစ်မှုမထမ်းချင်တဲ့ သူက များတယ်” လို့ ပြောပါတယ်။

စစ်မှုမထမ်းရဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ပိုက်ဆံတောင်းယူခဲ့ပေမဲ့ စစ်ကောင်စီက မတ် ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ လူငယ်တွေကို အစည်းအဝေးခေါ်ကာ စစ်မှုထမ်းဖို့ စည်းရုံးပြောဆိုနေတယ်လို့ ဆိုပါတယ်။

ဒေသခံအမျိုးသမီးတဦးက “ကျမတို့ ပြည်သူတွေအားလုံးက ဒီစစ်မှုထမ်းဆိုတဲ့ကိစ္စနဲ့ သွေးပူ စိတ်ညစ်နေတာ။ အလိမ်အညာတွေမှန်း သိရက်နဲ့ ယုံမိတော့ အခုတော့ ငွေယူပြီးမှ မနေ့က ကလေးတွေကို အစည်းအဝေးခေါ်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးကပြောတာ စစ်တပ်က ကမ်းလှမ်းခိုင်းတာပေါ့။ ငွေပေးရင် စစ်မှုမထမ်းရဘူးဆိုပြီး အခုတော့ အလိမ်ခံရပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဝါးခယ်မမြို့နယ်မှာ ဖေဖော်ဝါရီ ဒုတိယအပတ်က စတင်ပြီး စစ်မှုထမ်းဖို့ မစိုးရိမ်ပါနဲ့ဆိုတဲ့ စာသားပါတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ စည်းရုံးနေပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရှုံးနေပြီး တပ်သားလိုအပ်ချက် ရှိလာတာကြောင့် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို ပြန်လည် အသက်သွင်းပြီး ဧပြီလကုန်မှာ စစ်မှုထမ်းရမယ့် လူငယ်တွေကို စတင်ခေါ်ယူမယ်လို့ ကြေညာထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013