DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ
DVB
·
March 18, 2024
မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ
Donate to DVB

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့မှာ မတ် ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ကို မနေ့မနက်ပိုင်း ၆ နာရီကျော်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ မြို့တွင်းရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို လူနေအိမ် အများအပြားလည်း ပျက်စီးသွားခဲ့တယ်လို့ မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

“စစ်ကောင်စီက မနက်ပိုင်းမှာ မြို့တွင်း နေရာ လေးခုထက်မနည်းကို ဂျက်တိုက်လေယာဥ်နဲ့ လာပြီး ဗုံးကြဲသွားတာကြောင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးသွားပြီးတော့ အမျိုးသားတဦးလည်း ဆေးကုသဖို့ ပို့ဆောင်စဥ်မှာ သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ လူ ၁၀ ယောက် ကျော်ကိုလည်း အရေးပေါ် ဆေးကုသမှု ခံနေကြရတယ်။”

သေဆုံးသွားသူဟာ မြောက်ဦးမြို့ ကြက်လျှာကျွန်းရပ်ကွက်က အသက် ၃၇ နှစ်အရွယ် ဒေါ် ဘုဘု ဖြစ်ပြီးတော့ နောက်ထပ်သေဆုံးသွားတဲ့ အမျိုးသားရဲ့ နာမည်နဲ့ နေရပ်လိပ်စာကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး သုံးဦးအပါအဝင် အမျိုးသမီးတချို့လည်း ပါဝင်ကြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင်း မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောက်ရာဇ်ကေရပ်ကွက်၊ ကုန်သည်တန်းရပ်ကွက်နဲ့ မြို့ပေါ်နေရာတချို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ဦးမြို့ကို ဖေဖော်ဝါရီ ၈ ရက်ကတည်းက AAက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်​ကောင်စီက မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိကြပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲတွေမှာ AA က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲမြို့တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013