DVB Logo
Home
မြန်မာသတင်း
စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲ ၂ ခု ဖြေဆိုပြီးစီး
DVB
·
March 16, 2024
စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲ ၂ ခု ဖြေဆိုပြီးစီး
Donate to DVB

၂၀၂၃-၂၀၂၄ ပညာသင်နှစ် စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲနဲ့ ဝိဇ္ဇာဘာသာတွဲတွေရဲ့ ဘာသာရပ်တွေ ဒီနေ့မှာ ဖြေဆိုပြီးစီးသွားပြီလို့ သိရပါတယ်။

အခုစာမေးပွဲမှာ နိုင်ငံခြားစာစစ်ဌာန ၁၁ ခု၊ ပြည်တွင်း စာစစ်ဌာန ၈၂၄ ခု စာစစ်ဌာန စုစုပေါင်း ၈၃၅ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၂၅၈၇၀ ဦးရှိပြီး ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက် မှာ အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက် မှာ သင်္ချာဘာသာရပ်၊ မတ် ၁၄ ရက်မှာ ဓာတုဗေဒဘာသာရပ်နဲ့ ပထဝီဝင်ဘာသာရပ်၊ မတ် ၁၅ ရက်မှာ ရူပဗေဒဘာသာရပ်နဲ့သမိုင်းဘာသာရပ်၊ မတ် ၁၆ ရက်နေ့မှာ ဇီဝဗေဒဘာသာရပ်နဲ့ ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုခဲ့ပါတယ်။

ဆက်လက်ပြီး မတ် ၁၈ ရက်မှာတော့ လူမှုရေးသိပ္ပံဘာသာရပ်၊ မတ် ၁၉ ရက် မှာ စိတ်ကြိုက်မြန်မာစာတို့ကို ဆက်လက်ဖြေဆိုကြရမှာဖြစ်ပါတယ်။

အခုနှစ် တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ်မှာ စာစစ်ဌာနလုံးဝဖွင့်လှစ်နိုင်ခြင်းမရှိသလို ရခိုင်ပြည်နယ်မှာလည်း ဖြေဆိုဖို့စာရင်းပေးသူ ၁၈၀၀၀ ရှိခဲ့ပေမဲ့ အမှန်တကယ် ဝင်ရောက်ဖြေဆိုတဲ့ အရေအတွက်ဟာ ၈,၀၀၀ ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသူနဲ့ ဖြေဆိုတဲ့အရေအတွက်ဟာ စံချိန်တင်လျော့ကျခဲ့တဲ့ နှစ်တနှစ်လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013