DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်စနစ်အကြောင်း ဆွစ်ဇာလန်တွင် သမ္မတ ဆွေးနွေးမည်
DVB
·
September 5, 2014
ဖက်ဒရယ်စနစ်အကြောင်း ဆွစ်ဇာလန်တွင် သမ္မတ ဆွေးနွေးမည်
Donate to DVB

ဥရောပ ၃ နိုင်ငံကို  ချစ်ကြည်ရေးခရီးလှည့်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဆွစ်ဇာလန် နိုင်ငံမှာ ရောက်ရှိနေပြီး ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးဖလှယ်ကြဖို့ ရှိနေပါတယ်။

[caption id="attachment_64352" align="alignleft" width="400"]ဂျာမနီဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန် ဂျာမနီဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန်[/caption]

ဆွစ်ဇာလန်ရဲ့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို  သမ္မတဦးသိန်းစိန်ကို ဖလှယ်သွားမှာဖြစ်ပြီး အကောင်အထည်ဖော် ဖို့အတွက်တော့ တစုံတရာ အကြံပေးသွားမှာ မဟုတ်ဘူးလို ရန်ကုန်အခြေစိုက် ဆွစ်ဇာလန်သံရုံးက အတိုင်ပင်ခံ Corinne Henchoz Pignaniက ပြောပါတယ်။

“ဆွစ်ဇာလန်ပုံစံ ဖက်ဒရယ် စနစ်အကြောင်း ဦးသိန်းစိန်က  ခရီးစဉ်အတွင်း ပြောဆိုသွားမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်က အတွေ့အကြုံနဲ့ ကြုံတွေရတဲ့သင်ခန်းစာတွေကို ဖလှယ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ဖက်ဒရယ်စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ကတော့ ဆွစ်ဇာလန်က ဘယ်တော့မှ ပြောသွားမှာ မဟုတ်ပါဘူး။ ဒါကတော့ နိုင်ငံနဲ့ ပြည်သူတွေရဲ့  ဆုံးဖြတ်ချက်လို့ပဲ ထင်ပါတယ်။”

ဆွစ်ဇာလန်မှာ ဖက်ဒရယ်ကောင်စီက အစိုးရအဖွဲ့ရဲ့ အကြီးဆုံး အဖွဲ့ဖြစ်ပြီး စီရင်ဆုံးဖြတ်ခွင့် အာဏာကို အစိုးရနဲ့ ဖက်ဒရယ် အုပ်ချုပ်ရေးအဖွဲ့တို့ လုပ်ဆောင်ကြတာလည်းဖြစ်ပါတယ်။

ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲမှာ ဆွစ်ဇာလန်ရဲ့ ထောက်ခံချက်ကို ဆွေးနွေးမှာ ဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ လူ့အခွင့်အရေး ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံကနေထွက်ခွာလာပြီး စက်တင်ဘာ ၄ ရက်နေ့က ဆွစ်ဇာလန်ကို ရောက်ရှိ နေတဲ့ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့  ဆွစ်ဇာလန် မြို့တော်ဘန်းက ယဉ်ကျေးမှုသမိုင်းပြတိုက်ကို သွားရောက်လည်ပတ်ခဲ့သလို ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံက မြန်မာအပေါ်မှာ ပိတ်ဆို့ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို  ၂၀၁၂ ခုနှစ်မှာ ရုတ်သိမ်းပေးခဲ့သလို မြန်မာနိုင်ငံမှာ သံရုံးဖွင့်လှစ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဥရောပ ၃ နိုင်ငံကို ချစ်ကြည်ရေး ခရီးလှည့်လည်နေရာမှာ  ပထမဆုံး ဂျာမဏီနိုင်ငံမှာရောက်ရှိခဲ့ပြီး ၀န်ကြီးချုပ် အပါအ၀င် သမ္မတနဲ့ ပါတွေ့ဆုံခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံခရီးစဉ်ပြီးရင်တော့ နယ်သာလန်နိုင်ငံကို ခရီးဆက်ဖို့ ရှိနေပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013