DVB Logo
Home
အားကစား
မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရပါက Adidas ကို ပေါင် ၁၀ သန်းပေးဆောင်ရမည်
DVB
·
March 16, 2024
မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရပါက Adidas ကို ပေါင် ၁၀ သန်းပေးဆောင်ရမည်
Donate to DVB

မန်ယူနိုက်တက်အသင်းဟာ လာမယ့်နှစ် ဥရောပချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ဘူးဆိုရင် အသင်းရဲ့ ဂျာစီစပွန်ဆာဖြစ်တဲ့ Adidas ကို ပေါင် ၁၀ သန်း လျော်ကြေးအဖြစ် ပေးဆောင်သွားရမှာပါ။

မန်ယူအသင်းဟာ  Adidas နဲ့ စာချုပ်သစ်အရ တနှစ်ကို ပေါင်သန်း ၉၀ ရရှိမှာဖြစ်ပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မရရှိတဲ့ ဘောလုံးရာသီမှာ ပေါင် ၁၀ သန်း ပြန်လည်လျော်ကြေး ပေးသွားရမယ်ဆိုတဲ့ သဘောတူညီချက် ပါရှိတယ်လို့ The Times သတင်းမှာ ဖော်ပြပါတယ်။

မန်ယူအသင်းဟာ Adidas နဲ့  ပေါင်သန်း ၇၅၀ တန်ကြေးရှိ ၁၀ နှစ်စာချုပ် ချုပ်ဆိုထားတာပါ။ ဒါ့အပြင် မန်ယူအသင်း ဒါမှမဟုတ် အမျိုးသမီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားသို့မဟုတ် အက်ဖ်အေဖလားရရှိမယ်ဆိုရင်တော့ ပေါင် ၄ ဒသမ ၄ သန်းဆုကြေးရမယ် လို့ ဆိုပါတယ်။

မန်ယူအသင်းဟာ လက်ကျန်ပရီးမီးယားလိဂ် ၁၀ ပွဲအလိုမှာ အဆင့် ၆ နေရာမှာရပ်တည်နေပြီး အဆင့်လေးနေရာက ဗီလာနဲ့ ၈ မှတ်ကွာဟနေဆဲ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013