DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဆောင်ပြီး TitTok ကိုဝယ်ရန် ကြိုးပမ်းမည်
DVB
·
March 16, 2024
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဆောင်ပြီး TitTok ကိုဝယ်ရန် ကြိုးပမ်းမည်
Donate to DVB

တရုတ်ပိုင်ဖြစ်နေရင် အပိတ်ခံရနိုင်တဲ့ TikTok အပလီကေးရှင်းကို ဝယ်ယူဖို့ ကြိုးစားသွားမယ်လို့  သမ္မတဟောင်း ထရမ့်ပ်လက်ထက်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း  စတိဗ် မနုရှင်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်‌ဝင်ဘင်က“လူတယောက်က တခြားလူဆီမှာ ကောင်းတာလေးတွေ့ရင် သူ့ဟာဖြစ်ဖို့ ကြိုးစားတာဟာ တကယ့်ကို ဓားပြယုတ္တိပဲ” လို့ ဝေဖန်ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီး ByteDance က ပိုင်ဆိုင်ထားတဲ့ TikTok ရှယ်ယာတွေကို ပြန်ရောင်းမထုတ်ဘူးဆိုရင် အမျိုးသားလုံခြုံရေး အကြောင်းပြချက်အရ အမေရိကန်မှာ ပိတ်ပင်မယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ မဲခွဲရဦးမှာဖြစ်ပေမဲ့ အတည်ပြုနိုင်ပြီဆိုရင် လက်မှတ်ထိုးပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူအဖွဲ့ဟာ ဥပဒေအတည်ဖြစ်ရင် ဝယ်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

TikTok ဟာ အမေရိကန်တွေပိုင်သင့်တဲ့ လုပ်ငန်းလို့ မနုရှင်က ပြောပါတယ်။ တရုတ်တွေဆိုရင်လည်း အမေရိကန်ကုမ္ပဏီတခုက ဒီလိုဟာမျိုး တရုတ်ပြည်မှာ ပိုင်ဆိုင်တာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။

တရုတ်နိုင်ငံမှာလည်း Facebook တို့ အရင်တုန်းက Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက်တို့ကို ပိတ်ပင်ထားပါတယ်။

နိုင်ငံခြားရန်ဘက်တွေက ထိန်းချုပ်ထားတဲ့ အပလီကေးရှင်းတွေကနေ အမေရိကန်တွေကို အကာအကွယ်ပေးရေး ဥပဒေလို့ တရားဝင်အမည်ပေးထားတဲ့ ဒီဥပဒေကြမ်းကို တရုတ်အစိုးရဘက်ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

ဒီဥပဒေဟာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်နဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးနဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝင်ဘင်က ထောက်ပြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013