DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် ရိက္ခာအကူအညီစောင့်နေသူများကို အစ္စရေးပစ်ခတ်၊ ပါလက်စတိုင်း ၆ ဦးသေဆုံး 
DVB
·
March 14, 2024
ဂါဇာတွင် ရိက္ခာအကူအညီစောင့်နေသူများကို အစ္စရေးပစ်ခတ်၊ ပါလက်စတိုင်း ၆ ဦးသေဆုံး 
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာ စားနပ်ရိက္ခာ အကူအညီပေးဖို့ စောင့်နေတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးတပ်ဖွဲ့တွေက ထပ်ပစ်ခတ်ခဲ့လို့ လူခြောက်ဦးသေဆုံးပြီး ၈၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက မတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) က ဝန်ထမ်းတဦး အပါအဝင် လူငါးဦးထက်မနည်း သေဆုံးခဲ့တာပါ။

ရာဖာမြို့တောင်ပိုင်းက ကုလသမဂ္ဂ စားနပ်ရိက္ခာဖြန့်ဖြူးရေး စင်တာကို အစ္စရေးက ဗုံးကြဲပြီးနောက် နာရီပိုင်းအကြာမှာ ခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အီဂျစ်နယ်စပ်က ရာဖာမြို့ထဲမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်း အရပ်သား ၁ ဒသမ ၄ သန်းလောက်ကို ဂါဇာအလယ်ပိုင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျွန်းစုတွေဆီ လွှဲပေးဖို့ စီစဉ်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အောက်တိုဘာ ၇ ရက်ကတည်းက တိုက်ခိုက်မှုမှာ ပါလက်စတိုင်း ၃၁,၂၇၂ ဦးထက်မနည်း သေဆုံးပြီး ၇၃,၀၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ သေဆုံးသူ ၁,၁၃၉ ဦးရှိပြီး ဒါဇင်နဲ့ချီ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေနဲ့ အစိုးရအများအပြားက ဂါဇာကမ်းမြောင်ဒေသမှာ အကူအညီတွေ ငတ်မွတ်နေတဲ့ ဒုက္ခသည်တွေကို ဖြေလျှော့ရေး လေကြောင်း၊ ရေကြောင်းနဲ့ အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။

လူပေါင်း ၃၀၀,၀၀၀ လောက် အငတ်ဘေးဆိုက်နေတဲ့ ဂါဇာမြောက်ပိုင်းမှာ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးက ပြင်းထန်လာနေတယ်လို့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်း တိုင်ရာမြို့ ဆင်ခြေဖုံးမှာ ဗုဒ္ဓဟူးနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုတခု အတွင်း ဟားမတ်စ်စစ်သွေးကြွတဦး သေဆုံးခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013