DVB Logo
Home
နိုင်ငံတကာ
ရေကြောင်းကလာသည့် အကူအညီများ ဟားမတ်စ်အတွက် မဖြစ်စေရဟု  အစ္စရေး ပြော
DVB
·
March 14, 2024
ရေကြောင်းကလာသည့် အကူအညီများ ဟားမတ်စ်အတွက် မဖြစ်စေရဟု  အစ္စရေး ပြော
Donate to DVB

ပင်လယ်ရေကြောင်းကလာတဲ့ အကူအညီတွေဟာ ဟားမတ်စ်တွေကိုမဟုတ်ဘဲ ဂါဇာရှိ ပါလက်စတိုင်း အရပ်သားတွေကို အကျိုးပြုပါလိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က မတ် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ဂါလန့်ထ်က “သင်္ဘောတွေ ရောက်ရှိလာဖို့ မျှော်မှန်းထားတဲ့ ကိစ္စရပ်မှာ မကြာခင်မှာ ကျရောက်တော့မယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်ဟာ အရပ်သားတွေကို ထောက်ပံ့ဖို့နဲ့ ဟားမတ်စ်တွေကို မရစေဖို့က အဓိကပြဿနာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဟားမတ်စ်တွေကို အားနည်းစေပြီး အစ္စရေးရဲ့ ချုပ်ကိုင်မှုကို အားကောင်းစေတဲ့ ဘယ်လုပ်ရပ်မဆိုဟာ ဟားမတ်စ်တွေကို အရင်က ရလဒ်တွေနဲ့ ပြောင်းပြန် ဖြစ်သွားစေလိမ့်မယ်လို့လည်း ဆိုပါတယ်။

သူတို့ရဲ့မစ်ရှင်ကို ပြီးမြောက်အောင် လည်ပတ်နိုင်စေတဲ့အတွက်လည်း ဆက်လက်လုပ်ဆောင်သွားမှာပါလို့လည်း ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသအတွက် ရိက္ခာတွေ ပေးပို့ဖို့ ပင်လယ်စင်္ကြံလမ်းကြောင်းဖွင့်မယ့် ရှေ့ပြေးပရောဂျက်မှာ အထောက်အပံ့ တန်ချိန် ၂၀၀ သယ်ဆောင်လာတဲ့ သင်္ဘောဟာ မတ် ၁၂ ရက်မှာ ဆိုက်ပရပ်စ်ကနေ ထွက်ခွာခဲ့တာပါ။

အမေရိကန်စစ်တပ်ကလည်း သူ့ရေယာဉ်တစင်းဟာ ပင်လယ်ရေကြောင်းနဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ သွားနေကြောင်း ပြောကြားခဲ့ပါတယ်။

ကုန်းလမ်းမှတဆင့် ပို့ဆောင်မှုတွေကို ထိန်းချုပ်ထားတာကြောင့် ပင်လယ်နဲ့ လေကြောင်း အပါအဝင် တခြားလမ်းကြောင်းတွေကို အာရုံစိုက်လာကြပေမဲ့ နိုင်ငံဖြတ်ကျော်မှု အများစုကို ပိတ်ထားသရွေ့ ဒီကြိုးပမ်းမှုတွေကလည်း အကန့်အသတ်နဲ့သာ ကယ်ဆယ်ရေးတွေ ပေးနိုင်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ပြောပါတယ်။

ကုလသမဂ္ဂဟာ သုံးပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂါဇာမြောက်ပိုင်းကို ရိက္ခာပို့ဆောင်ဖို့အတွက် အစ္စရေးရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ မြေယာလမ်းကြောင်းသစ်ကို အသုံးပြုခဲ့ကြောင်း အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဂါဇာရှိ လူဦးရေရဲ့ လေးပုံ တပုံဖြစ်တဲ့ အနည်းဆုံး လူပေါင်း ၅၇၆,၀၀၀ ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013