DVB Logo
Home
မြန်မာသတင်း
စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်း ကျပ် ၇ သိန်းထိ မြင့်တက်
DVB
·
March 14, 2024
စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်း ကျပ် ၇ သိန်းထိ မြင့်တက်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ရန်ကုန်မြို့ လေကြောင်းခရီးစဉ် လက်မှတ်ခဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး ‌လက်မှတ်ကို မှောင်ခိုဈေးကွက်မှာသာ ဝယ်ယူရရှိနိုင်ပြီး ငွေကျပ် ၇ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ ခရီးသွားတွေထံက သိရပါတယ်။

၂၀၂၄ ဇန်နဝါရီလက စတင်ပြီး စစ်ကောင်စီက ကုန်းလမ်းဖြစ်တဲ့ ရန်ကုန်-ပြည်-စစ်တွေ လမ်းကို သွားလာခွင့် ပိတ်ထားလိုက်တဲ့အတွက် လေကြောင်းလိုင်းကိုသာ အဓိက သွားလာနေရချိန် လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ မြင့်တက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တွေမြို့ခံတဦးက “လေယာဉ်လက်မှတ်ဈေးက အမျိုးမျိုးဖြစ်နေတာ။ နေ့စဉ် ပျံသန်းတာလည်း မရှိပါဘူး။ လက်မှတ်ရောင်းလို့ကုန်မှ ထွက်တဲ့ပုံစံမျိုး။ လေးငါးခြောက်ရက်နေမှ တခါထွက်တာ။ အရင်ကလို အွန်လိုင်းကဖြစ်ဖြစ် ဖုန်းဆက်ပြီး မှာလို့ မရတော့ဘူး။ လက်မှတ်ရောင်းတဲ့ကောင်တာမှာလည်း ဝယ်လို့မရဘူး။ ကွင်းထဲကိုသွား၊ တွေ့တဲ့သူ လျှောက်မေး၊ မသွားဖြစ်လို့ ပြန်ရောင်းတာနော်ဆိုတဲ့ သူတွေဆီက ပြန်ဝယ်ရတာ” လို့ DVB ကို ပြောပါတယ်။

စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ် သတ်မှတ်ဈေးနှုန်း ၁၆၀,၀၀၀‌‌ သာရှိပြီး မှောင်ခိုဈေးကွက်မှာ ကျပ် ၇၀၀,၀၀၀ သိန်းအထိ ပေါက်ဈေးမြင့်တက်နေတာလို့ သိရပါတယ်။

စစ်တွေလေဆိပ်မှာ အရင်က ပုဂ္ဂလိကလေကြောင်းလိုင်းတွေဖြစ်တဲ့ မန်းရတနာပုံ၊ MNA၊ AirKBZ လေကြောင်းလိုင်းတွေက ခရီးစဉ်တွေ ပြေးဆွဲခဲ့ပေမဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားချိန်ကစပြီး AirKBZ လေကြောင်းတခုသာ ပြေးဆွဲနေတာလို့ သိရပါတယ်။

ရန်ကုန်မှ စစ်တွေကို လေကြောင်းလိုင်းနဲ့ ပြန်မယ့်သူတဦးက “ရန်ကုန်ကနေ ပြန်မယ်ဆိုရင်တော့ ဈေးက အများကြီးတက်ယူတာ မရှိဘူး။ ပြန်တဲ့သူကလည်း အများကြီးမှ မရှိတာ။ ပေါက်ဈေးထက် ၃၀,၀၀၀ လောက်တော့ ပိုပေးရတယ်။ မနက်က ဖုန်းဆက်ကြည့်တာတော့ အခုလ ၁၆ ရက်နေ့နဲ့ ၁၈ ရက်နေ့အတွက် လက်မှတ်ရမယ်လို့ ပြောတယ်” လို့ DVB ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က စစ်တွေမြို့ကို လေကြောင်းနဲ့ပြန်လာသူ ၅၀၀ နီးပါးကို စစ်တွေလေဆိပ်မှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်ကလည်း အဲ့ဒီလေဆိပ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013