DVB Logo
Home
Lead Story
ဟန်းဆက် ၉၇ ရာခိုင်နှုန်း တရားမ၀င် ခိုးသွင်းမှုဖြစ်
DVB
·
September 5, 2014
ဟန်းဆက် ၉၇ ရာခိုင်နှုန်း တရားမ၀င် ခိုးသွင်းမှုဖြစ်
Donate to DVB

Phone Shop မြန်မာ့ဆက်သွယ်ရေး နဲ့ အော်ရီဒူး ဆင်းကတ်တွေ ဆက်တိုက် ရောင်းချပေးနေပေမယ့် မိုဘိုင်းဖုန်း ဟန်းဆက်ကိုတော့ တရားမ၀င် မှောင်ခိုတင်သွင်းမှုပဲ များနေတယ်လို့ မှောင်ခိုကုန်ပစ္စည်း တားဆီးရေးအဖွဲ့ ဗဟိုကော်မတီဝင် ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၀ သန်းကျော်၊ မိုဘိုင်းဖုန်း အရောင်းဆိုင်တွေမှာ ခင်းကျင်းရောင်းချနေတဲ့ ဟန်းဆက် သန်းနဲ့ချီ ရှိနေပေမယ့် ဟန်းဆက် တရားဝင် တင်သွင်းတာကတော့ ၃ နှစ်အတွင်း ၂ သိန်းခွဲ မပြည့်ဘူးလို့ သူက ပြောပါတယ်။

ဒါဟာ ၃ ရာခိုင်နှုန်းတောင် မရှိဘဲ ၉၇ ရာခိုင်နှုန်းကတော့ ခိုးသွင်းတာတွေပဲ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

မိုဘိုင်းဖုန်း ဟန်းဆက်တွေ အကောက်ခွန်မဲ့ တရားမ၀င် တင်သွင်းမှု အလွန်များနေပေမယ့် ဖမ်းဆီးရမိမှုကတော့ အလုံးရေ ၁၇၀၀၀ ကျော်ပဲ ရှိပြီး အရေအတွက် အလွန်နည်းတယ်လို့ ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013