DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် အမျိုးသမီး လယ်သမားများ ဆန္ဒပြ
DVB
·
September 5, 2014
ထားဝယ်တွင် အမျိုးသမီး လယ်သမားများ ဆန္ဒပြ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ အမျိုးသမီးတွေ အများစုပါဝင်တဲ့ လယ်သမား ၃၀ လောက်က ဖမ်းဆီးထောင်ချခံလယ်သမားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့၊ သိမ်းဆည်း ခံလယ်ယာမြေတွေ ပြန်ရရေး မြို့တွင်းလှည့်လည် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

Dawei Farmer Protestဆန္ဒပြတောင်သူတွေဟာ ထားဝယ်မြို့နယ် ကမြောကင်းလမ်းကနေ စထွက်ပြီး ထားဝယ်မြို့တွင်း တပတ်လှည့်လည် ဆန္ဒပြကြတာဖြစ်ပြီး ဖမ်းဆီးခံလယ်သမားတွေရဲ့ဇနီးတွေ အများစု ပါဝင်ဆန္ဒြ့ပခဲ့ကြပါတယ်။

ဆန္ဒပြရတဲ့အကြောင်းရင်းကို ဆန္ဒပြခေါင်းဆောင် ဒေါ်ရွှေစင်ယုက “ထားဝယ်မြို့မှာ လယ်သမား ၁၀ ဦးကို ထောင်ချထားတယ်။ အဲဒီအတွက် ထောင်ကျခံနေရတဲ့ လယ်သမားတွေရဲ့ မိန်းမတွေ သမီးတွေက မိသားစုဝင်တွေက မကျေနပ်လို့ ဆန္ဒပြတာပါ။ ကျမတို့ဆီက သိမ်းယူထားတဲ့ လယ်တွေမှာ အဆောက်အဦတွေ အတင်းပဲ ၀င်ရောက်ဆောက်လုပ်နေကြတယ်။ အဲဒါကြောင့် လယ်ယာမြေပေါ်မှာ အဆောက်အဦဆောက်လုပ်နေတာ ချက်ချင်းရပ်ပေးပါ၊ နောက်ပြီးတော့ မတရားဖမ်းဆီးခံထား ရတဲ့ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လယ်သမားတွေနဲ့ ဖမ်းခံထားရတဲ့ ထားဝယ်မြို့ လယ်သမား ၁၀ ဦးကို ချက်ချင်းလွှတ်ပေးပေါ့နော်။ သိမ်းထားတဲ့လယ်တွေကို တရားနည်းလမ်းကျ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ပြတာဖြစ်ပြီး အာဏာပိုင်တွေရဲ့ အတားဆီး ဟန့်တားမှုတွေတော့ မရှိခဲ့ဘူးလို့ ဆန္ဒပြတောင်သူတွေက ပြောပါတယ်။

ထားဝယ်မြို့မှာ မြို့ကွက်တည်ဆောက်ဖို့ သိမ်းယူထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လယ်သမားတွေနဲ့ အာဏာပိုင်တွေနဲ့ အခြေအတင်ဖြစ် ဖြစ်ပွားခဲ့ပြီး လယ်သမား ၁၀ ဦးလောက်ကို ၀တ္တရားနှောင့်ယှက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ဆဲဆိုမှု၊ ရိုက်နှက်မှုနဲ့ ဖမ်းဆီးထောင်ချခဲ့တာပါ။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ဖမ်းဆီးထောင်ချခံရသူ လယ်သမားတဦးရဲ့ သမီး ဖြစ်သူ မသန်းချို က
“ကျမတို့အဖေကို ထောင်ချထားတယ်။ ကျမတို့အဖေကို မတရားထောင်ချထားတယ်။ လယ်သမား ၁၀ ယောက်ကို ထောင်ချထားတယ်။ ကျမတို့က မတရားထောင်ချခံထားရတဲ့ လယ်သမားတွေ လွတ်မြောက်ဖို့အတွက် ဆန္ဒပြကြတာပါ။ အားလုံးနှစ်ဖက် ညှိနှိုင်းပြီးတော့ ဖြေရှင်းမှုတွေ ကျမတို့ကို လုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

ဒီမြေယာပြဿနာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်တန်းခဲ့ပြီး ထားဝယ်မှာ ဆန္ဒပြတောင်းဆိုမှု ၂ ကြိမ် လုပ်ခဲ့ဖူးပါတယ်။

ထားဝယ်မြို့နယ်အတွင်းမှာ စစ်တပ်၊ ကုမ္ပဏီနဲ့အစိုးရက သိမ်းထားတဲ့ လယ်ဧက စုစုပေါင်း ၄၀၀ ကျော်ရှိတယ်လို့ လယ်သမားအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဦးသန်းဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013