DVB Logo
Home
နိုင်ငံတကာ
နျူးကလီးယားစစ်ပွဲအတွက် အဆင်သင့်ဖြစ်ဟု ရုရှားသမ္မတ ပူတင် ပြော
DVB
·
March 14, 2024
နျူးကလီးယားစစ်ပွဲအတွက် အဆင်သင့်ဖြစ်ဟု ရုရှားသမ္မတ ပူတင် ပြော
Donate to DVB

ရုရှားဟာ စစ်ရေးနည်းပညာရှုထောင့်ကဆိုရင် နျူးကလီးယားစစ်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီလို့ သမ္မတ ဗလာဒီမာပူတင်က မတ် ၁၃ ရက်မှာ နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ RIA သတင်းဌာနနဲ့ Rossiya-1 ရုပ်မြင်သံကြားဌာနတို့နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ယူကရိန်းမှာ အမေရိကန်တပ်တွေ ပေါ်လာရင် ရုရှားက သူတို့ကို ကြားဝင်စွက်ဖက်သူအဖြစ် သဘောထားမှာဖြစ်သလို အမေရိကန်က နျူးကလီးယားစမ်းသပ်မှု ပြုလုပ်မယ်ဆိုရင် ရုရှားကလည်း အလားတူ လုပ်ဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။

“ပထမအချက်အနေနဲ့ နျူးကလီးယားစစ်ပွဲအတွက် နည်းပညာပိုင်းအရ အဆင်သင့်ဖြစ်နေပြီး အဆက်မပြတ် တိုက်ခိုက်ဖို့အတွက် ဒုံးကျည်တွေလည်း အဆင်သင့်ရှိကြောင်း၊ ဒုတိယအချက်က ရုရှား နျူးကလီးယားသုံး လက်နက်တွေဟာ တခြား ၃ နိုင်ငံက နျူလက်နက်တွေထက် ပိုခေတ်မီ တိုးတက်တာကို အများသိပြီးသားဖြစ်သလို ရုရှား လက်နက်တွေရဲ့ အစွမ်းထက်မှုကို ထိပ်ဖူးအရေအတွက် တိုင်းတာမှုနဲ့ အကဲဖြတ်လို့မရဘူး” လို့ ပူတင်က ပြောသွားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားမှာလည်း သူ့ကိုယ်ပိုင် နျူးကလီးယားလက်နက်တွေ ရှိထားတဲ့ နိုင်ငံဖြစ်လို့ ပြုံယမ်းဟာ မော်စကိုကို ဘာနျူးကလီယားအကူအညီမှ မတောင်းထားဘူးလို့လည်း ဆိုပါတယ်။

ယူကရိန်းမှာ အနောက်နိုင်ငံတွေက စစ်မှုထမ်းတွေ ချထားဖို့ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခွန်းရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ပူတင်က ပိုလန်တပ်တွေ ယူကရိန်းပိုင်နက်ထဲ ဝင်မယ်ဆိုရင် သူတို့ အဲဒီနေရာမှာ ကောင်းကောင်းနေရမယ်လို့ အကြံပြုခဲ့ပါတယ်။

ယူကရိန်းမြေပေါ်မှာ တပ်တွေချထားရေးဆိုတဲ့ မက်ခွန်းရဲ့ စိတ်ကူးကို ပိုလန်နိုင်ငံက ထောက်ခံထားပါတယ်။

တကယ်လို့ ပိုလန်တပ်တွေက ယူကရိန်း-ဘီလာရုစ် နယ်စပ်ကို အကာအကွယ်ပေးဖို့ ယူကရိန်းပိုင်နက်ထဲကို ဝင်သွားမယ်ဆိုရင် ဒါမှမဟုတ် ရှေ့တန်းမှာ ရုရှားစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေကို လွှတ်ပေးဖို့အတွက် ပိုလန်တပ်ဖွဲ့တွေကို တခြားနေရာတွေမှာ တပ်ဖြန့်ထားမယ်ဆိုရင် ပိုလန်တပ်ဖွဲ့တွေဟာ ဘယ်တော့မှ ပြန်ထွက်ခွာလို့ရမှာ မဟုတ်ဘူးလို့ ထင်မြင်ကြောင်းလည်း ပူတင်က ပြောပါတယ်။

ဒါ့အပြင် ဖင်လန်နဲ့ ဆွီဒင်တို့က နေတိုးအဖွဲ့ကို ဝင်ရောက်ခြင်းဟာ အဓိပ္ပာယ်မဲ့လုပ်ရပ်ဖြစ်ပြီး ဖင်လန်နိုင်ငံသာ မဟာမိတ်အဖွဲ့ကို ဝင်ရောက်လာရင် ရုရှားကလည်း ဖင်လန်နယ်စပ်မှာ တပ်ဖွဲ့ဝင်တွေနဲ့ ချေမှုန်းရေးစနစ်တွေကို ထားရှိရလိမ့်မယ်လို့လည်း ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013