DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းလူနေတိုက်ခန်းနှစ်ခု ရုရှားဒုံးကျည်ထိမှန်ပြီး ၃ ဦးသေဆုံး၊ ၃၈ ဦးဒဏ်ရာရ
DVB
·
March 13, 2024
ယူကရိန်းလူနေတိုက်ခန်းနှစ်ခု ရုရှားဒုံးကျည်ထိမှန်ပြီး ၃ ဦးသေဆုံး၊ ၃၈ ဦးဒဏ်ရာရ
Donate to DVB

ယူကရိန်းနိုင်ငံ အလယ်ပိုင်း ကရီဗီးရီးယမြို့ရှိ တိုက်ခန်းနှစ်ခုကို မတ် ၁၂ ရက်က ရုရှား ဒုံးကျည်တစင်း ကျရောက်ခဲ့ရာ လူသုံးဦး သေဆုံးပြီး ကလေးငယ် ၁၀ ဦး အပါအဝင် အနည်းဆုံး ၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒုံးကျည်ထိမှန်ခဲ့တဲ့ ငါးထပ်အဆောက်အအုံတလုံးနဲ့ ကိုးထပ်အဆောက်အအုံတလုံးတို့မှာ မီးလောင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေထဲမှာ အသက်ရှင် ကျန်ရစ်သူတွေကို ညတွင်းချင်းပဲ ရှာဖွေခဲ့ကြကြောင်း နီးပရိုပက်ထရော့ဗ်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ဆာရ်ဟီး လီဆက်ခ်က တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

ကရီဗီးရီးယမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရှာဖွေရေးလုပ်ငန်းတွေကို လိုအပ်သရွေ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ ကာကွယ်ရေးအထောက်အပံ့ ပက်ကေ့ချ်အသစ် ရောက်ရှိလာဖို့ မျှော်လင့်ထားကြောင်းလည်း သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန် စစ်ဘက်ဆိုင်ရာ အကူအညီသစ်တွေ ပေးပို့မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က မတ် ၁၂ ရက်က ပြောကြားထားပြီး ကိယက်ဗ်အတွက် နောက်ထပ် ရန်ပုံငွေတွေကို ရီပတ်ဘလီကန် ခေါင်းဆောင်တွေက ကွန်ဂရက်မှာ လနဲ့ချီ ပိတ်ဆို့ထားချိန်မှာ ပထမဆုံး လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013