DVB Logo
Home
မြန်မာသတင်း
မြန်မာသို့ Zeekr တရုတ်လျှပ်စစ်ကားများ တင်သွင်းရောင်းချမည်
DVB
·
March 12, 2024
မြန်မာသို့ Zeekr တရုတ်လျှပ်စစ်ကားများ တင်သွင်းရောင်းချမည်
Donate to DVB

တရုတ်လျှပ်စစ်ကား ကုမ္ပဏီ Zeekr က မြန်မာ အပါအဝင် ထိုင်း၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံ တွေဆီ လျှပ်စစ်ကားတွေ တင်သွင်းရောင်းချဖို့ စီစဉ်နေတဲ့အကြောင်း ကုမ္ပဏီပြောရေး ဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံမှာ လုပ်ငန်းခွဲတခု တည်ထောင်ဖို့ စီစဉ်နေပြီး အခုနှစ် ပထမ နှစ်ဝက်ထဲမှာ ပြည်တွင်းရောင်းချမှုတွေ စတင်ဖို့ ဒေသတွင်း ဖြန့်ဖြူးသူတွေနဲ့ ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Geely Automobile Holdings Ltd ပိုင် Zeekr လျှပ်စစ်ကားကုမ္ပဏီက လာအို၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကားတင်သွင်းဖြန့်ချိသူတွေနဲ့ စာချုပ်တွေ ချုပ်ဆိုထားပြီး အခုနှစ် ဒုတိယသုံးလပတ်ထဲမှာတော့ အဆိုပါဈေးကွက်တွေမှာ စတင်ရောင်းချဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာပြည်တွင်းမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်က လျှပ်စစ်စွမ်းအင်သုံး (EV) မော်တော်ယာဉ်တွေနဲ့ အစားထိုးပြောင်းလဲဖို့ ကြိုးပမ်းနေပေမဲ့ လက်ရှိအချိန်ထိ ကြိုက် နှစ်သက်သူ မရှိတာကြောင့် ဈေးကွက်ထဲမှာ ဝယ်မယ့်သူမရှိ ဖြစ်နေတယ်လို့ ကားဝယ် ရောင်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရတဲ့ စက်သုံးဆီပမာဏကို လျှော့ချနိုင်ဖို့အတွက် စစ် ကောင်စီဟာ ကားတင်သွင်းခွင့်ပါမစ်ကို ကန့်သတ်ထားပေမဲ့ လျှပ်စစ်စွမ်းအင်သုံး (EV) မော်တော်ယာဉ်တွေကိုတော့ အကောက်ခွန်ကင်းလွတ်ခွင့် ပေးထားပြီး တင်သွင်းခွင့် ပေးထားတဲ့အပြင် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက်ပါ ဖိတ်ခေါ်ထားပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ပြည်တွင်းမှာ လျှပ်စစ်မီးက အလုံအလောက် မရရှိတဲ့အတွက် စစ်ကောင်စီက လျှပ်စစ်မီးကို အချိန်နဲ့သတ်မှတ်ပြီး အပိုင်းလိုက် ပေးနေရတာပါ။

Photo-REUTERS/Dado Ruvic/Illustration

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013