DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့ရာတွင် စစ်တပ် လက်ထဲ လွှဲပေးမှာကို စိုးရိမ်
DVB
·
March 12, 2024
အိန္ဒိယက မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့ရာတွင် စစ်တပ် လက်ထဲ လွှဲပေးမှာကို စိုးရိမ်
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရာမှာ မြန်မာစစ်တပ်ဆီ တိုက်ရိုက်လွှဲပြောင်းမှာကို ဒုက္ခသည်တွေနဲ့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။

မဏိပူရပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက လူမှုကွန်&က်မှာ မတ်လ ၈ ရက်နေ့က ရေးသားခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံသားတချို့ကို ပထမအသုတ် နေရပ်ပြန်ပို့နေပြီဖြစ်တယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မဏိပူရပြည်နယ်ထဲ ထွက်ပြေးခိုလှုံခဲ့တဲ့ မြန်မာနိုင်ငံသားအချို့ဟာ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ နိုင်ငံသားကတ် စာရွက်စာတမ်း အတုပြုလုပ်မှု အစရှိတဲ့ စွပ်စွဲချက်တွေနဲ့ မဏိပူရပြည်နယ်ရှိ ထိန်းသိမ်းရေးစင်တာတွေမှာ ဖမ်းဆီး အကျဉ်းချခံထားရတာပါ။

ဖမ်းဆီးခံ မြန်မာဒုက္ခသည်တွေအနေနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကာလ ပြီးဆုံးသွားပေမဲ့ ဆက်လက် ချုပ်နှောင်ခံထားရတာကြောင့် အစာအငတ်ခံ ဆန္ဒပြမှုတွေရှိခဲ့ပြီးတဲ့နောက် အိန္ဒိယဘက်က အခုလို နေရပ်ပြန်ပို့လာတာ ဖြစ်တယ်လို့ India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံသား ၇၇ ဦးကို ပထမအသုတ်အနေနဲ့ နေရပ်ပြန်ပို့ဖို့ ပြည်နယ်အစိုးရက စီစဉ်ထားပြီး အမျိုးသမီးတွေအပါအဝင် အယောက် ၄ဝ ဟာ မဏိပူရပြည်နယ်၊ အင်ဖာထောင်ကနေ အိန္ဒိယ-မြန်မာ နယ်စပ်က အိန္ဒိယစစ်တပ်ဂိတ်တခုကို ပို့ဆောင်ခံထားရပြီး နောက်ဆက်တွဲ အခြေအနေကို မသိရှိရသေးဘူးလို့ ဆလိုင်းဒိုခါက ပြောပါတယ်။

အိန္ဒိယမှာ ဖမ်းဆီးခံထားရသူအများစုဟာ နေရပ်မှာ မလုံခြုံတဲ့အတွက် ရှောင်တိမ်းလာကြသူတွေ ဖြစ်တာကြောင့် သူတို့ကို နေရပ်ပြန်ပို့ရာမှာ စစ်ကောင်စီထံကို မလွှဲပြောင်းဘဲ တခြားနည်းလမ်း သုံးခုနဲ့ ဆောင်ရွက်ပေးဖို့ India for Myanmar က တိုက်တွန်းထားပါတယ်။

NUG (ဒါမှမဟုတ်) တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး နေရပ်ပြန်ပို့ပေးတဲ့ နည်းလမ်း၊ မဏိပူရပြည်နယ် (ဒါမှမဟုတ်) မီဇိုရမ်ပြည်နယ်မှာ ယာယီခိုလှုံခွင့်ပေးတဲ့ နည်းလမ်း၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ စောင့်ရှောက်မှုအောက်ကို ပို့ဆောင်ပေးတဲ့ နည်းလမ်းတခုခုနဲ့ ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုပါတယ်။

တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၆ဝဝဝ ဝန်းကျင်ရှိပြီး ၁၅ဝ ကျော် ၂ဝဝ နီးပါးဟာ  Foreign Act ချိုးဖောက်မှုနဲ့ မဏိပူရပြည်နယ်က ထိန်းသိမ်းရေးစင်တာတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ India for Myanmar အဖွဲ့ကနေ သိရပါတယ်။ 

ဖူးအိအိနွယ် / Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013