DVB Logo
Home
နိုင်ငံတကာ
ပဋိပက္ခများ၊ ခြိမ်းခြောက်မှုများနှင့် အမေရိကန် ရင်ဆိုင်နေရဟု ထောက်လှမ်းရေးအေဂျင်စီ ပြော
DVB
·
March 12, 2024
ပဋိပက္ခများ၊ ခြိမ်းခြောက်မှုများနှင့် အမေရိကန် ရင်ဆိုင်နေရဟု ထောက်လှမ်းရေးအေဂျင်စီ ပြော
Donate to DVB

အမေရိကန်နိုင်ငံဟာ ကြီးမားတဲ့ အာဏာပါဝါ အပြိုင်အဆိုင်၊ နိုင်ငံဖြတ်ကျော် စိန်ခေါ်မှုတွေနဲ့ ဒေသတွင်း ပဋိပက္ခတွေကြောင့် တင်းမာမှုတွေဖြစ်ပေါ်နေတဲ့ ပိုပြီးပျက်စီးလွယ်လာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ထိန်းချုပ်မှုစည်းမျဉ်းတွေကို ရင်ဆိုင်နေရကြောင်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက မေ ၁၁ ရက်မှာ ပြောပါတယ်။

အေဂျင်စီတွေဟာ သူတို့ရဲ့  ၂၀၂၄ နှစ်ပတ်လည် ခြိမ်းခြောက်မှု အကဲဖြတ် အစီရင်ခံစာထဲမှာ အမေရိကန်ရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေ၊ ၂ နှစ်ကျော် ကြာရှည်လာတဲ့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်အပြင် အောက်တိုဘာ ၇ ရက် ကတည်းက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့ကို အစ္စရေးရဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပိုမိုကျယ်ပြန့်လာတဲ့ ပဋိပက္ခ အန္တရာယ်တွေအပေါ် အလေးထား ဖော်ပြထားပါတယ်။

ဒါ့အပြင် အီရန်လို ဒေသတွင်း အင်အားကြီးတချို့နဲ့ နိုင်ငံမဟုတ်ဘဲ ဩဇာလွှမ်းမိုးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကလည်း နိုင်ငံတကာစနစ်ရဲ့ နှစ်ရှည်လများ စည်းမျဥ်းစည်းကမ်းတွေ အပြင် အမေရိကန်ရဲ့ ဦးစားပေးမှုကိုပါ စိန်ခေါ်နေကြောင်းလည်း  ဖော်ပြထားပါတယ်။

အမျိုးသားထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာ အက်ဗရေလ်ဟိန်းန်စ်ကလည်း အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီကို သူ့ရဲ့ထွက်ဆိုချက်ထဲမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ပိုမိုပေးအပ်ဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းထားပါတယ်။

ဝါရှင်တန်ရဲ့ အကူအညီမပါဘဲ ရုရှားဆီကနေ ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ ယူကရိန်းနယ်မြေကို ယူကရိန်းက ဘယ်လိုထိန်းထားနိုင်မယ် ဆိုတာကို စိတ်ကူးရခက်တယ်လို့လည်း ဆိုပါတယ်။

ဗဟိုထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာ ဝီလျံမ်ဘန်းစ်ကလည်း ယူကရိန်းကို ဆက်လက်ထောက်ပံ့ကူညီမှုဟာ တရုတ်ကိုလည်း ထိုင်ဝမ် သို့မဟုတ် တောင်တရုတ်ပင်လယ်မှာ ကျူးကျော်ရန်စမှုတွေနဲ့ ပတ်သက်ပြီး သတင်းစကား ပေးပို့လိမ့်မယ်လို့ ပြောပါတယ်။

FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေး ကလည်း နယ်စပ်ရှိ အားနည်းချက်တွေကို ပစ်မှတ်ထားလာနိုင်ခြေနဲ့ ပတ်သက်တဲ့ အကြမ်းဖက်ဝါဒရဲ့ ဂယက်ရိုက်ခတ်မှုတွေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အစ္စလာမ္မစ်အုပ်စုတွေနဲ့ တခြားနိုင်ငံခြား စစ်သွေးကြွတွေရဲ့ လှုံ့ဆော်မှုကြောင့် အမေရိကန်နိုင်ငံသားတွေကို ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကို သတိပြုမိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013