DVB Logo
Home
Lead Story
မြန်မာ့သယံဇာတ ထုတ်ဖော်ရေးလုပ်ငန်းများ ပဋိပက္ခနှင့် ဆက်နွယ်
DVB
·
September 5, 2014
မြန်မာ့သယံဇာတ ထုတ်ဖော်ရေးလုပ်ငန်းများ ပဋိပက္ခနှင့် ဆက်နွယ်
Donate to DVB

မြန်မာ့ သဘာဝ သယံဇာတ ထုတ်ဖော်ရေးလုပ်ငန်းတွေဟာ ပဋိပက္ခတွေနဲ့ မလွဲမရှောင်သာ ဆက်နွယ် ပတ်သက်နေတယ်လို့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က စက်တင်ဘာလ ၄ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

လူနည်းစု တိုင်းရင်းသားတွေဟာ သူတို့ဒေသရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်ယူတာက အကျိုးအမြတ်နည်းနည်းပဲရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

MCRBပြီးတော့ စီးပွားရေးလုပ်ငန်းတွေဟာ သက်ဆိုင် ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံတာ သမိုင်းတလျှောက်လုံး မရှိခဲ့တာကလည်း အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့အချ က်အဖြစ် ဖော်ပြထားပါတယ်။

၁၂ လအတွင်းမှာ အစိုးရက ရေနံနဲ့ သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေရေးနဲ့ တူးဖော်ထုတ်ယူဖို့အတွက် ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်နဲ့ ကမ်းလွန်လုပ်ကွက် ၂၀ ကို ခွင့်ပြုခဲ့တယ်လို့ MCRB ရဲ့ ဒါရိုက်တာ ဗစ်ကီ ဘိုမန်က ပြောပါတယ်။

ပြီးတော့ ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရ၊ ကုမ္ပဏီတွေနဲ့ အရပ်ဘက် လူးအဖွဲ့အစည်းတွေ ပါဝင်တဲ့ ကျယ်ပြန့််တဲ့ စကားဝိုင်းဆွေးနွေးပွဲလုပ်ပေးဖို့ MCRB က အသင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေရဲ့ သက်ရောက်မှုတွေကို လေ့လာတဲ့ MCRB ကို ဗြိတိန်အခြေစိုက် Institute for Human Rights and Business အဖွဲ့နဲ့ ဒိန်းမတ်အခြေစိုက် Denish Institute for Human Rights အဖွဲ့တို့ ပူးပေါင်းထူထောင်ထားကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013