DVB Logo
Home
Lead Story
ကရင်ပြည်နယ်လွှတ်တော်တွင် ဥပဒေ ၂ ခု အတည်ပြု
DVB
·
September 5, 2014
ကရင်ပြည်နယ်လွှတ်တော်တွင် ဥပဒေ ၂ ခု အတည်ပြု
Donate to DVB

၃ ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်ပြည်နယ် လွှတ်တော်အတွင်း ပြည်နယ်ရေချို ငါးလုပ်ငန်း ဥပဒေနဲ့ ကုန်တင်ကုန်ချ နည်းဥပေဒေ ၂ ခုကို အတည်ပြုနိုင်ခဲ့တယ်လို့ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောပါတယ်။

[caption id="attachment_63040" align="alignright" width="300"]ရန်ကုန်တိုင်းလွှတ်တော် မြင်ကွင်း ရန်ကုန်တိုင်းလွှတ်တော် မြင်ကွင်း[/caption]ကရင်ပြည်နယ်အတွင်း ရေချိုငါးလုပ်ငန်းနဲ့ပတ်သက်ပြီး ငါးဖမ်းခွင့်လိုင်စင်၊ အပြစ်ပေးအရေးယူမှု အစရှိတဲ့ ပုဒ်မ ၄၀ ကျော်ပါဝင်တဲ့ ရေချိုငါးလုပ်ငန်းဥပေဒကို အတည်ပြုခဲ့ တယ်လို့ ပြောပါတယ်။

ပထမအကြိမ် ကရင်ပြည်နယ်လွှတ်တော် န၀မပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာလည်း ကရင်ပြည်နယ်အတွင်း တယ်လီဖုန်းတာဝါတိုင် စိုက်ထူမှု ကိစ္စတွေကိုလည်း မေးမြန်းခဲ့ပါတယ်။
ကရင်ပြည်နယ်အနေနဲ့ မြန်မာ့ဆက်သွယ်ရေးက တယ်လီဖုန်းတာဝါတိုင် ၂၀ ကို စိုက်ထူး ရာမှာ လိပ်သိုလ်မြို့နယ်ခွဲက တာဝါတိုင် မပြီးပြတ်သေးတဲ့အပေါ် မေးခွန်းထုတ်ခဲ့ တာဖြစ်ပါတယ်။

လိပ်သိုလ်မြို့နယ်ခွဲမှာ တာဝါတိုင်မပြီးပြတ်သေးတာဟာ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ဟန့်တားမှုကို ခံခဲ့ရပြီး လက်ရှိအခြေအနေမှာ ပြန်လည် ညှိနှိုင်းလို့ရပြီဖြစ်တဲ့ လာမယ့် ပွင့်လင်းရာသီမှာ အပြီးတည်ဆောက်သွားမယ်လို့လည်း ဦးစောခင်မောင်မြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013