DVB Logo
Home
Lead Story
မော်တော်ယာဉ်ပြခန်း ဖွင့်ထားသူများ အများပိုင်ကုမ္ပဏီ ထောင်မည်
DVB
·
September 5, 2014
မော်တော်ယာဉ်ပြခန်း ဖွင့်ထားသူများ အများပိုင်ကုမ္ပဏီ ထောင်မည်
Donate to DVB

[caption id="attachment_47198" align="alignright" width="300"]ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ် ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ်[/caption]မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းဟာ အမ်အေအမ်ဒီအေလို့ ခေါ်တဲ့ အများပိုင်ကုမ္ပဏီ တခုကို တည်ထောင်ဖို့အတွက် အစုရှယ်ယာ ထည့်ဝင်မယ့်သူတွေဆီကနေ အဆိုပြုလွှာတွေ စတင် စုဆောင်းနေပြီဖြစ်တယ်လို့ အသင်းတာဝန်ရှိသူ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ အသင်းအစည်းအဝေးမှာ အဆိုပြုလွှာတွေ စတင် စုဆောင်းတာ ဖြစ်ပြီး စုစုပေါင်း မတည်ရင်းနှီးငွေ ကျပ် သိန်း ၅ သောင်းနဲ့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
အစုရှယ်ယာ ထည့်ဝင်သူတွေ များပြီး အများပိုင်ကုမ္ပဏီ ပေါ်ပေါက်လာရင် အော်တိုမိုဘိုင်း ကွန်ပလက်ဇုန် တခု တည်ထောင်မယ်လို့ သိရပါတယ်။

အဲဒီ ဇုန်မှာ ကားနဲ့ ပတ်သက်တဲ့ ရောင်းဝယ်ရေးလုပ်ငန်းတွေ၊ ၀ပ်ရှော့တွေနဲ့ ဆိုင်ခန်းတွေ တနေရာတည်း စုစည်းထားမှာ ဖြစ်တယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013