DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ၊ ရန်ကုန်တိုင်းတွင် ဖြေဆိုသူ ၁၈,၀၀၀ ကျော်သာရှိ
DVB
·
March 11, 2024
တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ၊ ရန်ကုန်တိုင်းတွင် ဖြေဆိုသူ ၁၈,၀၀၀ ကျော်သာရှိ
Donate to DVB

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက် ဒီကနေ့မနက် စတင် ကျင်းပနေပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဖြေဆိုသူ ၁၈,၀၀၀ ကျော်သာ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်လာတဲ့ အချိန်စာရင်းအရ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်ကနေ ၁၉ ရက်အထိ ပိတ်ရက်မရှိ ဆက်တိုက် ကျင်းပမှာဖြစ်ပြီး ဒီနှစ်စာမေးပွဲမှာ လူမှုရေးသိပ္ပံဆိုတဲ့ ဘာသာတွဲအသစ်တခု ပါဝင်လာတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာတော့ စာစစ်ဌာန ၇၃ ခု ဖွင့်လှစ်ထားပြီး ပြင်ပဖြေဆိုသူ ၂၅၀၉ ယောက် အပါအဝင် ကျောင်းသား ၈,၆၀၉ ယောက်၊ ကျောင်းသူ ၁၀,၃၄၂ ယောက် ဖြေဆိုကြမယ်လို့ သိရပါတယ်။

ဒီပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို အေ၊ ဘေ၊ စီ ဆိုတဲ့အဆင့်နဲ့ အောင်စာရင်း ကြေညာမှာဖြစ်ပြီး အေအဆင့်နဲ့ ဘီအဆင့် ရရှိသူတွေသာ တက္ကသိုလ်တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ 

အရင်နှစ်ကတော့ တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၁၆၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁ သိန်းကျော် စာမေးပွဲ အောင်မြင်ထားပါတယ်။

စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသူ ကျောင်းသားတွေကတော့ စစ်ကောင်စီ ကျင်းပတဲ့  စာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမရှိဘဲ သပိတ်မှောက်ထားကြပါတယ်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသူ ကျောင်းသားများ (ပုံဟောင်း)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013