DVB Logo
Home
မြန်မာသတင်း
အိုအိုင်စီကိုယ်စားလှယ် စစ်တွေသွား
DVB
·
September 4, 2014
အိုအိုင်စီကိုယ်စားလှယ် စစ်တွေသွား
Donate to DVB

မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ တန်စရီ ဆာယိဟာမစ် အယ်ဘာ ခေါင်းဆောင်တဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂ ရက်တာ ခရီးသွားရောက်ခဲ့ပါတယ်။

[caption id="attachment_64251" align="alignright" width="300"]အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့[/caption]

စစ်တွေမြို့က မြို့မိမြို့ ဖတွေရော၊ ပြည်နယ် အစိုးရ တာဝန်ရှိသူတွေပါ အိုအိုင်စီအဖွဲ့ရဲ့ ခရီးစဉ်အဖြစ် ကြိုမသိခဲ့ဘဲ တကယ်တွေ့ ဆုံဆွေး နွေးပွဲ ကို ရောက်မှ သာ မြန်မာနိုင်ငံဆိုင်ရာ အိုအိုင်စီ ကိုယ်စားလှယ်မှန်း သိခဲ့ကြတာပါ။

ပြည်နယ်ပြန်ကြားရေးတာဝန်ခံ ဦးဦးလှသိန်းကတော့ အိုအိုင်စီ မြန်မာကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို မလေးရှားဝန်ကြီးဟောင်းတယောက်ရဲ့ ခရီးလို့ သူတို့ပြည်နယ်အစိုးရကိုယ်တိုင် သတင်းရခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့သိတာက မလေးရှားဝန်ကြီးဟောင်း ဦးဆောင်ပြီး ဒီကိုလာမယ်ပေါ့။ သူတို့က တွေ့ချင်တယ်ဆိုတော့ တွေ့တာပေါ့။ သူတို့ကပြောပါတယ်၊ အိုအိုင်စီအရေးကိစ္စအတွက် ခေါင်းစဉ်ကြီးနဲ့ လာတာမဟုတ်ဘူး။ အိုအိုင်စီ ကိုယ်စားလှယ်သဘောမျိုးလောက်ပဲ ဖြစ်တဲ့သဘောပါ။ အိုအိုင်စီအပေါ်မှာ ဘယ်လိုအမြင်ရှိလဲ နားထောင်ချင်တယ်ဆိုပြီး သူတို့က ဒီလိုပြောတာ။ ကျနော်တို့ကတော့ အိုအိုင်စီလာမယ်ဆိုတာ မသိဘူး။ သတင်းရတာက နိုင်ငံရေးအဖွဲ့တဖွဲ့လာမယ်ဆိုတာပဲ သိတယ်။ ပထမတခေါက် အိုအိုင်စီခေါင်းစဉ်နဲ့ လာတုန်းကတော့ ဒီမှာ ဆန္ဒပြတာတွေ ဖြစ်ကြတယ်။ အခုက သူတို့ ဘယ်လိုသဘောလဲတော့ ကျနော်တို့လည်း မသိဘူး။”

အိုင်အိုင်စီကိုယ်စားလှယ်ဟာ စက်တင်ဘာ ၃ ရက်ညနေပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ တွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ်က ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အိုအိုင်စီကို လက်မခံသေးတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ဒေသရဲ့ အနေအထားတွေ၊ ရခိုင်တိုင်းရင်းသူ တိုင်းရင်းသားများအနေနဲ့ အိုအိုင်စီကို အခုထိတော့ လက်ခံဖို့ အစီအစဉ်မရှိသေးတဲ့ အကြောင်းတွေ၊ အိုအိုင်စီအနေနဲ့ ကမ်းလှမ်းမှုတွေ ရှိမယ်ဆိုရင်လည်း ရခိုင်ပြည်ရဲ့ action plan တွေ ဆောင်ရွက်တဲ့အခါမှာတော့ ရခိုင်ပြည်သူက သဘောပေါက်နားလည်လက်ခံရင် လက်ခံမှာပေါ့။ ကျနော်တို့ အခု နိုင်ငံသားစိစစ်ရေးတွေ လုပ်နေတယ်။ နိုင်ငံသားစိစစ်ရေးကိစ္စ အောင်မြင်ခဲ့ရင်တော့ ပြန်လည်နေရာချထားရေးတွေ လုပ်မယ်။ ပြန်လည်နေရာချထားရေးလုပ်တဲ့အခါမှာ ရခိုင်ပြည်မှာရှိတဲ့ ပြည်သူတွေ လက်ခံရင် အကူညီတွေ ယူမယ်ပေါ့။ လောလောဆယ် အိုအိုင်စီကပေးတဲ့ အကူအညီတွေ လက်ခံဖို့ မဖြစ်နိုင်သေးဘူးလို့ ရခိုင်ဝန်ကြီးချုပ်က ပြောတယ်။”

အိုအိုင်စီဘက်က ပြန်လည်ဆွေးနွေးတာမျိုး သိပ်မရှိဘဲ နားထောင်ရုံသက်သက်ပဲ ရှိတယ်လို့ ဦးဦးလှသိန်းက ပြောပါတယ်။

အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ဟာ စစ်တွေမြို့က မြို့မိမြို့ဖတွေ အမျိုးသမီးနဲ့ လူငယ်ကွန်ရက်အဖွဲ့တွေနဲ့လည်း စက်တင်ဘာ ၃ ရက်က တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲတက်ခဲ့တဲ့ မြို့မိမြို့ဖ ဦးဦးသာပွင့်က သူဆွေးနွေးခဲ့ပုံကို အခုလို ပြောပါတယ်။

“ကျနော်တို့က နိုင်ငံခြားရေးဝန်ကြီးဟောင်း မလေးရှားအနေနဲ့ တွေ့တာ။ အိုအိုင်စီဆို လာမတွေ့ဘူး ဒါတချက်။ နောက်တချက်ကတော့ အိုအိုင်စီအဖွဲ့ဟာ ဘာပဲပြောပြော အစ္စလာမ္မစ်နိုင်ငံတွေက ဖွဲ့စည်းထားတာ။ အစ္စလာမ္မစ်ဆိုတဲ့ ဘာသာရေး စကားလုံးပါနေတယ်။ တကယ်လို့ အိုအိုင်စီဟာ မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ အကူညီပေးချင်တဲ့ဆန္ဒ ရှိတယ်လို့ သဘောရိုးမှန်တယ်ဆိုရင် ရခိုင်ပြည်ဟာ သဘာဝဘေးအန္တရာယ်တို့ အမြဲတမ်းဖြစ်နေတဲ့ နေရာ။ ဂီရိတုန်းကဆို အများကြီး ပျက်စီးခဲ့တယ်။ အဲဒီအချိန်တုန်းက ခင်ဗျားတို့ အိုအိုင်စီနိုင်ငံ ဘယ်နိုင်ငံမှ ရခိုင်ပြည်နယ်ကို စိတ်မ၀င်စားဘူး။ ဘင်္ဂါလီနဲ့ ပြဿ နာဖြစ်မှ ဘင်္ဂါလီတွေက အော်ပြီးအကူညီတောင်းတော့မှ ခင်ဗျားတို့ ၀င်လာတယ်။ အဲဒါကြောင့် အိုအိုင်စီကို ကျနော်တို့ လက်မခံနိုင်ဘူး။”

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အိုအိုင်စီ ကိုယ်စားလှယ်ဟာ စစ်တွေမြို့အနီးက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပြီး သူ့ခရီးစဉ်ဟာ ရခိုင်ပြည်နယ်နေ ဒေသခံတွေ အမြင်သဘောထားသိချင်တာ သက်သက်ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

သူတို့အဖွဲ့မှာ အဖွဲ့ဝင် ၈ ယောက်ပါဝင်ပြီး စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းမှာ စစ်တွေမြို့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလထဲ အိုအိုင်စီရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ခေါင်းဆောင်တဲ့အဖွဲ့ စစ်တွေမြို့ကို သွားရောက်ခဲ့တုန်းက စစ်တွေမြို့ခံတွေက အကြီးအကျယ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013