DVB Logo
Home
မြန်မာသတင်း
တအာင်းပြည်နယ်တွင် လာမည့်ပညာသင်နှစ် ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်မည်
DVB
·
March 10, 2024
တအာင်းပြည်နယ်တွင် လာမည့်ပညာသင်နှစ် ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်မည်
1 / 2
Donate to DVB

တအာင်းပြည်နယ်ထဲမှာ အခြေခံပညာရေး ကျောင်းပေါင်း ၅၀၀ ကျော်ကို လာမဲ့ ၂၀၂၄-၂၅ ပညာသင်နှစ်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး CDM ဆရာ ဆရာမတွေကို ဖိတ်ခေါ်သွားမယ်လို့ တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) က မတ် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မတ် ၂ ရက်ကနေ ၇ ရက်အထိ TNEC ကော်မတီနှစ်ပတ်လည် အစည်းအဝေးနဲ့ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကော်မတီဝင်တွေ၊ အကြံပေးတွေနဲ့ ပညာရှင်တွေ အပါအဝင် တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လာမဲ့ပညာသင်နှစ်တွေမှာ တအာင်းပြည်နယ်ထဲက ပြည်သူတရပ်လုံးရဲ့ ပညာရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ အမျိုးသားအခြေပြု ပညာရေးအစား ပြည်သူတရပ်လုံး ပါဝင်နိုင်တဲ့ ဒေသအခြေပြုပညာရေး ဖော်ဆောင်သွားမှာဖြစ်လို့ တအာင်းအမျိုးသား ပညာရေး ကော်မတီ (TNEC) အစား တအာင်းပြည် ပညာရေးကောင်စီ(TLEC)အဖြစ်လည်း ပြောင်းလဲ လိုက်ပါတယ်။

ပြီးတော့ တအာင်းပြည်နယ်ထဲမှာ အဆင့်မြင့်ပညာရေးကျောင်းတွေ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး၊ ခိုင်မာတဲ့ တက္ကသိုလ်ဖြစ်ပေါ်လာရေး၊ ကလေးသူငယ်ပညာရေးကို မြှင့်တင်နိုင်ရေး အပါအဝင် ဖက်ဒရယ်ပညာရေး မူဝါဒ၊ မိခင်ဘာသာစကား အခြေပြုတဲ့ ပညာရေးမူဝါဒ အစရှိတာတွေကိုလည်း ဆွေးနွေးချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းပြည်နယ်မှာ လာမဲ့ ၂၀၂၄-၂၅ ပညာသင်နှစ်မှာ အခြေခံပညာရေးကျောင်း ၅၅၀ လောက် တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်လို့ သင်ကြားရေးအတွက် မြန်မာနိုင်ငံတဝှမ်းလုံး ပြည်သူနဲ့အတူ ရပ်တည်တဲ့ CDM ဆရာ ဆရာမတွေကို ဆက်လက်ဖိတ်ခေါ်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်တုန်းကတော့ TNEC ရဲ့ ဦးဆောင်မှုနဲ့ တအာင်းပြည်နယ်ထဲမှာ အခြေခံ ပညာရေးကျောင်းပေါင်း ၃၈၀ ကျော်ကို သင်ကြားရေး ဆရာ ဆရာမ ၁၅၀၀ ကျော်နဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013