DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ကင်းလှည့်ရဟတ်ယာဉ် ပျက်ကျမှု စုံစမ်းစစ်ဆေးနေ
DVB
·
March 10, 2024
အမေရိကန် ကင်းလှည့်ရဟတ်ယာဉ် ပျက်ကျမှု စုံစမ်းစစ်ဆေးနေ
Donate to DVB

အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ကင်းလှည့်နေတဲ့ အမျိုးသားအစောင့်တပ်က ရဟတ်ယာဉ်တစင်း ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း အမေရိကန် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

နယ်စပ်တလျှောက် ကင်းလှည့်တာဝန်ထမ်းဆောင်နေတဲ့ ရဟတ်ယာဉ်တစင်းဟာ တက္ကဆက်ပြည်နယ်မှာ မတ်လ ၈ ရက်က ပျက်ကျခဲ့တာဖြစ်ပြီး  ရဟတ်ယာဉ်ပေါ် လိုက်ပါလာတဲ့ စစ်သား ၂ ဦးနဲ့ အမေရိကန်နယ်ခြားစောင့် ရဲ ၁ ဦးတို့ သေဆုံးခဲ့တဲ့ကာ တခြားစစ်သား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘက်အရာရှိတွေက ပြောကြားခဲ့ပါတယ်။ 

UH-72 လာကိုတာ ရဟတ်ယာဉ်ဟာ တက္ကဆက်ပြည်နယ် ရီယိုဂရန်ဒီမြို့ အနီးမှာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်လောက်က ပျက်ကျခဲ့တာဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။ 

နယ်စပ်မှာ ဝေဟင်ကနေ စောင့်ကြည့်ခြင်းနဲ့ ထောက်လှမ်းခြင်း စစ်ဆင်ရေးတွေကို လုပ်ဆောင်နေချိန်မှာပဲ ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

အဲဒီရဟတ်ယာဉ်ကို ဖက်ဒရယ် အနောက်တောင် နယ်စပ်ထောက်ပံ့ရေးမစ်ရှင်ကို တက္ကဆက်ပြည်နယ် ဖော့ထ်ဘလစ်စ်ရှိ စစ်တပ်ကင်းစခန်းနဲ့တွဲဖက်ပြီး မြောက်ပိုင်း ပူးပေါင်းတပ်ဖွဲ့ နဲ့အတူ တာဝန်ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013