DVB Logo
Home
လူမှုရေး
ရန်ကုန်-မန္တလေးအမြန်လမ်း အထူဂရုပြု မောင်းနှင်ရမည့် နေရာများ ကြေညာ
DVB
·
September 4, 2014
ရန်ကုန်-မန္တလေးအမြန်လမ်း အထူဂရုပြု မောင်းနှင်ရမည့် နေရာများ ကြေညာ
Donate to DVB

yagoon- naypitaw highwayရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ခရီးသွားပြည်သူတွေ အထူးဂရုပြုဆင်ခြင် မောင်းနှင်ရမယ့် မိုင်တိုင် နေရာ ၁၄ နေရာကို အမြန်လမ်းရဲတပ်ဖွဲ့က သတ်မှတ် ကြေညာလိုက်ပါတယ်။

ယာဉ်မတော်တဆမှုတွေ မဖြစ်စေဖို့ ရည်ရွယ်ပြီး မိုးရွာ ရေဝပ်တတ်တဲ့နေရာတွေကို မိုင်တိုင်အလိုက် အမြန်လမ်းရဲ တပ်ဖွဲ့က နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ကြေညာ ထားတာပါ။

ထုတ်ပြန်ချက်မှာပါ ရေဝပ်နိုင်တဲ့နေရာတွေက တော့ ပဲခူး နဲ့ကျောက်တံခါး မြို့နယ်တွင်းမှာ ၃ နေရာ စီ၊ ဒိုက်ဦးနဲ့ ရေတာရှည်မြို့နယ်အတွင်း မှာ ၂ နေရာ စီ၊ လှည်းကူး၊ ဒက္ခိဏသီရိနဲ့ ဖြူးမြို့နယ်အတွင်းမှာ တနေရာစီတို့ ဖြစ်ပါတယ်။

၂၀၀၉ က စတင်ဖွင့်လှစ်ခဲ့တဲ့ မိုင် ၃၀၀ ကျော် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မတော်မဆမှုများကြောင့် သေဆုံးသူ ၂၅၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀၀ ကျော် ရှိခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013