DVB Logo
Home
မြန်မာသတင်း
ခရိုနီဦးတေဇသမီး ရေချယ်တေဇကို အီတလီတွင် အခြေချခွင့်မပြုရန် တောင်းဆို
DVB
·
March 10, 2024
ခရိုနီဦးတေဇသမီး ရေချယ်တေဇကို အီတလီတွင် အခြေချခွင့်မပြုရန် တောင်းဆို
Donate to DVB

ဥရောပသမဂ္ဂ (အီးယူ)က  ဒဏ်ခတ်ပိတ်ဆို့တာခံထားရတဲ့ ခရိုနီဦးတေဇရဲ့ သမီး ရေချယ်တေဇ ကို အီးယူအဖွဲ့ဝင် အီတလီနိုင်ငံမှာ အခြေချခွင့် မပြုဖို့နဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ Justice For Myanmar (JFM) အဖွဲ့က   တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ တိုက်ရိုက်စီးပွားရေးလုပ်ငန်းရှိတဲ့ ကုမ္ပဏီတွေအပါအဝင် အနည်းဆုံး  ထူးအုပ်စု ကုမ္ပဏီ၇ ခုမှာ ဒါရိုက်တာအနေနဲ့ လုပ်နေတဲ့ ခရိုနီဦးတေဇရဲ့ သမီးဖြစ်သူ ရေချယ်တေဇ ကို အမြန်ဆုံးစစ်ဆေးအရေးယူကာ ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းပြီး ပြောင်းရွှေ့ဖယ်ရှားဖို့ Justice for Myanmar အဖွဲ့က အီတလီအာဏာပိုင်တွေကို   တိုင်ကြားခဲ့တာလို့  အဲအဖွဲ့ရဲ့ထ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ်ရှေ့နေ နှစ်ယောက်က Justice For Myanmar အဖွဲ့ကို ကိုယ်စားပြုပြီး အီတလီ အာဏာပိုင်တွေကို မတ် ၄ ရက်နေ့မှာ  တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ရေချယ်တေဇဟာ မီလန်မြို့မှာနေထိုင်နေပြီး အဲဒီမြို့မှာရှိတဲ့ ဖက်ရှင်သင်တန်းကျောင်းကနေ မကြာသေးခင်က ကျောင်းပြီးခဲ့ကာ သူ့ကို ထူးကုမ္ပဏီများအုပ်စုက အမြတ်အစွန်းတွေနဲ့ ထောက်ပံ့ခဲ့တယ်လို့လည်း JFM က ဆိုပါတယ်။

သူ အီတလီမှာ နေစဉ်ကာလတလျှောက်မှာလည်း အာဏာသိမ်းမှုနောက်ပိုင်းမှ တည်ထောင်ထားတဲ့ ကုမ္ပဏီအသစ်တွေနဲ့ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်စီးပွားရေးလုပ်ငန်းရှိတဲ့ ကုမ္ပဏီတွေ အပါအဝင် အနည်းဆုံး  ထူးအုပ်စု ကုမ္ပဏီ ၇ ခုမှာ ဒါရိုက်တာအနေနဲ့ လုပ်နေတယ်လို့ Justice for Myanmar ရဲ့  မတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်အတွက် ရုရှားစစ်လေယာဉ်တွေနဲ့ အပိုပစ္စည်းတွေ တင်သွင်းထောက်ပံ့တဲ့ စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar Avia Export ကုမ္ပဏီမှာ ရေချယ်တေဇဟာ  ဒါရိုက်တာနဲ့  ရှယ်ယာရှင်တဦး ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရေချယ်တေဇရဲ့ ဖခင်ဖြစ်သူ ဦးတေဇကို  အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့  ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး သူ့ရဲ့အစ်ကိုတွေဖြစ်တဲ့ ပြည့်ဖြိုးတေဇနဲ့ ထူးထက်တေဇတို့ကိုလည်း  အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013