DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့် တိုင်းအသီးသီးတွင် အခမဲ့ဆေးကုသပေးမည်
DVB
·
September 4, 2014
ပြည်နယ်နှင့် တိုင်းအသီးသီးတွင် အခမဲ့ဆေးကုသပေးမည်
Donate to DVB

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေကြတဲ့လူနာတွေကို အခမဲ့ကုသပေးနေ သလိုမျိုး မန္တလေးအပါအ၀င် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ နိုင်ငံပိုင်ဆေးရုံကြီးတွေမှာ ဆက်လက် လုပ်ဆောင်ပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးစိန်ဝင်းက ပြောပါတယ်။

[caption id="attachment_55566" align="alignright" width="300"]မန္တလေးဆေးရုံကြီး လူနာဆောင်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ကိုဝမ်း) မန္တလေးဆေးရုံကြီး လူနာဆောင်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ကိုဝမ်း)[/caption]ပြီးခဲ့တဲ့အပတ်ကစပြီး ကျန်းမာရေးဝန်ကြီးဌာနက လုပ်ကိုင်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ ပြည်သူတွေ အကြံပြုနိုင်ကြတယ်လို့ ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက် မေးလာကြသူ အများစုက ရန်ကုန်ဆေးရုံကြီးမှာလို တခြားဆေးရုံတွေမှာ အခမဲ့ကုသပေးဖို့ တောင်းဆိုခဲ့ကြသူတွေ များတယ်လို့လည်း သူက ပြောပါတယ်။

လတ်တလောမှာ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ဆေးရုံတွေ အားလုံးမှာ အခမဲ့ ကုသပေးဖို့နဲ့ ဆေးရုံတွေမှာ ဆရာဝန်မရှိတဲ့ကိစ္စတွေ အများဆုံးမေးမြန်း အကြံပြုကြပြီး ဒီအကြံပြုချက်တွေအပေါ် မူတည်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်း ဆောင်တာတွေကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

အခု စက်တင်ဘာလဆန်းကစပြီး ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေကြတဲ့ လူနာတွေကို ဓာတ်မှန်ရိုက်တာနဲ့ အာထရာဆောင်းရိုက်တာအပါအ၀င် တချို့ကုသမှုတွေမှာ အခမဲ့ ကုသပေးနေပြီဖြစ်ပြီး ဒီလိုလုပ်ပေးနိုင်တာဟာ ပြည်ထောင်စုအစိုးရအဖွဲ့က ကျန်းမာရေးအသုံးစရိတ် တိုးပြီး ချပေးထားတာကြောင့်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013