DVB Logo
Home
နိုင်ငံတကာ
သမ္မတ ဘိုင်ဒင်က ဒေါ်နယ်ထရမ့်ပ်ကို ရုရှားဦးညွှတ်သူဟု ပြောဆိုတိုက်ခိုက်
DVB
·
March 8, 2024
သမ္မတ ဘိုင်ဒင်က ဒေါ်နယ်ထရမ့်ပ်ကို ရုရှားဦးညွှတ်သူဟု ပြောဆိုတိုက်ခိုက်
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ်လ ၇ ရက်နေ့မှာ ဒေါနဲ့မာန်နဲ့ပြောသွားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အမေရိကန်ဒီမိုကရေစီကို ခြိမ်းခြောက်မှုနဲ့ ရုရှားကို ဦးညွှတ်မှုတို့အတွက် ပြိုင်ဘက် ဒေါ်နယ်ထရမ့်ပ်ကို ထိုးနှက်သွားခဲ့ပါတယ်။

“ကျနော့်ရှေ့က တာဝန်ယူခဲ့တဲ့ ရီပတ်ဘလီကန်သမ္မတဟောင်း တယောက်ဟာ ပူတင်ကို ‘ခင်ဗျားလုပ်ချင်တာလုပ်’ လို့ ပြောခဲ့ပါတယ်။ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ကိစ္စပါ၊ အန္တရာယ်ကြီးပါတယ်၊ လက်သင့်မခံနိုင်တဲ့ကိစ္စမျိုးပါ”လို့ ဘိုင်ဒင်က ထရမ့်ပ်နာမည် တိုက်ရိုက်မပြောဘဲ ထိုးနှက်ခဲ့ပါတယ်။

ရွေးကောက်ပွဲရှုံးတဲ့အချိန်မှာ ကက်ပီတယ်လ်လွှတ်တော် အဆောက်အအုံကို ဝင်စီးဖို့ ထောက်ခံသူတွေကို မြှောက်ပေးတာ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဦးညွှတ်အလျှော့ပေးတဲ့ စကားမျိုးတွေပြောတာ၊ အမေရိကန်-မက္ကဆီကို နယ်စပ်ကို တင်းကျပ်မယ့် ဥပဒေကြမ်း အတည်မပြုနိုင်ရေး နှောင့်ယှက်ခဲ့တာတွေအတွက် ထရမ့်ပ်ကို ဘိုင်ဒင်က ဝေဖန်ခဲ့ပါတယ်။

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်နဲ့ ၇၈ နှစ်အရွယ် ထရမ့်ပ်တို့ဟာ သက်ဆိုင်ရာပါတီတွင်း ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ သေချာသွားပြီဖြစ်တဲ့အတွက် လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲကို မကျေပွဲအဖြစ် ပြန်နွှဲဖို့ သေချာနေပါတယ်။

၆၈ မိနစ်ကြာတဲ့ မိန့်ခွန်းမှာ ဘိုင်ဒင်က အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ယူကရိန်းအရေး၊ ရွှေ့ပြောင်းအခြေချမှုပြဿနာ၊ အခွန်ကိစ္စ၊ အမျိုးသမီးတွေရဲ့ မျိုးပွားပိုင်ခွင့်၊ ငွေကြေးဖောင်းပွမှုနဲ့ ဆေးဝါးစျေးနှုန်းတွေ မြင့်တက်မှုတွေအကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013