DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ တိုက်ခိုက်ခံရ
DVB
·
March 8, 2024
ပုလဲမြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အင်မထီး ပျူစောထီးကျေးရွာက ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ပျူစောထီး ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၆ ရက် နေ့လယ် ၁ နာရီခွဲက ပုလဲမြို့ထဲကနေ အင်မထီး ပျူစောထီးရွာကို ရိက္ခာလာပို့တဲ့ အင်အား ၁၂၀ ပါ စစ်ကြောင်းကို အပြန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ပျူစောထီး ၂ ဦး နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိတဲ့ စစ်ကောင်စီတပ်သား ၃ ဦးလည်း မတ် ၇ ရက် ညနေပိုင်းမှာ သေဆုံးခဲ့တယ်လို့ Southern YSO PDF က အတည်ပြု ပြောပါတယ်။

Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက “ပျူ နှစ်ယောက် သေတာကို ကျနော်တို့သတင်းပေးနဲ့ အတည်ပြုထားတယ်။ ဒီမနက်တောင် ရွာထဲမှာ သက်ပျောက်ဆွမ်းကပ်တယ်။ စစ်သားတွေကတော့ ဒီညနေ သေတယ်လို့ သတင်းထပ်ရတယ်” လို့ ပြောပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA နဲ့ Southern YSO PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၇ ရက် နေ့လယ် ၁ နာရီမှာ Mi 17 လေယာဉ် ၄ စီးနဲ့ ကနီမြို့နယ်ဘက်ကို တပ်ကူပို့ဖို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာလည်း ကန်ပေါ်ရွာအနီး မတ်လ ၇ ရက် မနက် ၇ နာရီကျော်က စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ် ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ အရာတော် အ‌ေမြာက်တပ် အမတ ၃၆၉ တပ်ကနေ အရာတော် လေ့ကျင်းရေးစခတ ၁၀ တပ်ကို သွားရာလမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Danger Force အဖွဲ့ တာဝန်ရှိသူ ဗိုလ်နောင်ရိုးက “အင်အား ၆၀ နဲ့ စစ်ကြောင်းထိုးလာတာကို ကန်ပေါ်ရွာရဲ့ အနောက်ဘက် ဖိုးသာကျော်ကန် အနီးမှာ ပဒေသာမိုင်းနှစ်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ။ မိုင်းဆွဲလို့ စခဘက်က တဦးသေဆုံးတယ်၊ သုံးဦး ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်။ သေဆုံးတဲ့ စစ်သားနဲ့ ဒဏ်ရာရရှိတဲ့ စစ်သားတွေကို အရာတော် စစ်လေ့ကျင့်ရေး (စခတ) ၁၀ တပ်ထဲ ဆွဲခေါ်သွားကြတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုကို Danger Force LPDF၊ မုံရွာခရိုင်ပကဖ၊ လင်းယုန်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013