DVB Logo
Home
မြန်မာသတင်း
သင်္ကန်းညီနောင် ခမရ ၃၅၅ နှင့် ၃၅၆ တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေ
DVB
·
March 8, 2024
သင်္ကန်းညီနောင် ခမရ ၃၅၅ နှင့် ၃၅၆ တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ကွင်းကလေး ခမရ ၃၅၅ နဲ့ ခမရ ၃၅၆ တပ်ရင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ မတ် ၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက  ဒီဗွီဘီကို ပြောပါတယ်။

မတ် ၇ ရက် မွန်းလွဲ ၁၂ နာရီလောက်ကစတင်ပြီး မြဝတီ-ကော့ကရိတ်(အာရှ)လမ်းမကြီးအနီးက စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ရင်းနဲ့ ၃၅၆ တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေတာလို့ ဆိုပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “လောလောဆယ်တော့ တိုက်နေတာကတော့ တိုက်နေတယ်။ ဒါကြောင့်မို့ အခုချိန်မှာ အသေးစိတ်ထုတ်ပြန်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ တိတိကျကျ ပေးလို့မရသေးဘူး” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပစ်ကူပေးပစ်ခတ်ခဲ့တဲ့အပြင် မြဝတီမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၂၇၅ တပ်ရင်းက လက်နက်ကြီး ပစ်ကူပေးပစ်ခတ်ခဲ့ပါတယ်။

မတ် ၈ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သင်္ကန်းညီနောင်၊  ၉၀၁ (ယခင် DKBA) ဝန်းအနီးက နေအိမ် ၁ လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး အရေအတွက် အတိအကျကို မသိရှိရသေးသလို  KNLA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးသူတွေ ရှိတယ်လို့  ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက သင်္ကန်းညီနောင်၊ မဲကနယ်နဲ့ အနီးအနား ကျေးရွာက ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013