DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုတွင် ဆန္ဒပြသူများက သမ္မတနန်းတော် တံခါးချပ်ကို ဖြိုချ
DVB
·
March 7, 2024
မက္ကဆီကိုတွင် ဆန္ဒပြသူများက သမ္မတနန်းတော် တံခါးချပ်ကို ဖြိုချ
Donate to DVB

မက္ကဆီကိုနိုင်ငံမှာ ၂၀၁၄ ခုနှစ်က သင်တန်းသား ကျောင်းဆရာ ၄၃ ယောက် ပျောက်ဆုံးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူလူတစုဟာ သမ္မတနန်းတော်က တံခါးတချပ်ကို မတ်လ ၆ ရက် မနက်က ဖြိုချလိုက်ပါတယ်။

မက္ကဆီကိုအစိုးရ လျှပ်စစ်ကုမ္ပဏီရဲ့ အဖြူရောင်ပစ်ကပ်ကုန်ကားကို သုံးပြီး ဆန္ဒပြသူတွေက တံခါးကို ဝင်တိုက်ဖြိုချခဲ့တာပါ။

အဲဒီအချိန် နန်းတော်ထဲမှာတော့ သမ္မတ အန်ဒရေ မန်နျူယယ်လိုပဲ့ဇ် အိုဘရာဒေါက မနက်ပိုင်း နေ့စဉ်သတင်းစာရှင်းလင်းပွဲ ကျင်းပနေပါတယ်။

အခင်းဖြစ်ရာနေရာက ရဲတွေက လူအုပ်ကို ဖြိုခွဲဖို့ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးခဲ့ပြီး ဆန္ဒပြသူတွေ အဆောက်အဦထဲကို ဝင်မလာနိုင်အောင် နန်းတော်တံခါးကို လုံခြုံအောင် အရံအတားတွေ စိုက်ထူခဲ့ပါတယ်။

မနက်နှောင်းပိုင်းမှာတော့ အဆောက်အဦထဲမှာ ဆန္ဒပြသူတွေ မရှိတော့ဘဲ နန်းတော်တံခါးလည်း လုံခြုံသွားခဲ့တယ်၊ အခြေအနေလည်း တည်ငြိမ်သွားပြီလို့ ရိုက်တာ သတင်းဌာနရဲ့ မျက်မြင်သက်သေက ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးရာမှာ သမ္မတက ဆန္ဒပြသူတွေကို နှိမ်နင်းမှာမဟုတ်ဘဲ အစိုးရက ပျောက်ဆုံးကျောင်းသားတွေရဲ့ အမှုကို ဆက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောခဲ့ပါတယ်။

မက္ကဆီကိုရဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေထဲက တခုအတွင်း သင်တန်းသား ကျောင်းဆရာ ၄၃ ဦး ပျောက်ဆုံးခဲ့ပါတယ်။

Source/Photo-REUTERS/Stringer

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013