DVB Logo
Home
မြန်မာသတင်း
အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာဦးစားပေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ဟု သမ္မတပြော
DVB
·
September 4, 2014
အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာဦးစားပေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ဟု သမ္မတပြော
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ နည်းပညာတွေကို ဦးစားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်လို့ ဂျာမဏီ ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန် က ပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဂျာမနီနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ စက်တင်ဘာလ ၃ ရက်နေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်(Angela Merkel) နဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား လိုက်တာပါ။

U Thein Sein at Germanyအလုပ်အကိုင်အဖွင့်အလမ်းတွေနဲ့ နည်းပညာတွေအပြင် စီပွားရေး အောင်မြင်မှုရှိမယ် ဆိုရင် ဒီမိုကရေစီကိုလည်း အလွယ်တကူ ရရှိနိုင်တဲ့အကြောင်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ သက်တမ်း ၃ နှစ်သာရှိသေးတဲ့အတွက် အခက်အခဲတွေ ရှိတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

ဂျာမနီဝန်ကြီးချပ်ကတော့ အစိုးရသစ်တက်လာတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ အကောင်းဖက်ကို ဦးတည်နေပေမဲ့ မီဒီယာ လွတ်လပ်ခွင့်တွေဟာဆိုရင် အားနည်းပါသေးတယ်။

မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံး ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံမှာ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က ရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ဂျာမနီသမ္မတ ဂျိုအာချင် ဂတ်က်(Joachim Gauck)နဲ့ အတူ ဂျာမနီအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး မြန်မာက ဂျာမနီနိုင်ငံအပေါ် တင်ရှိနေတဲ့ အကြွေး ယူရိုငွေ ၁ ဘီလီယံကျော်ကိုလည်း တဝက်လောက် ဖြေလျော့ပေးခဲ့ပါတယ်။ ကျန်တဲ့ ယူငွေသန်း ၅၄၀ ကျော်ကိုတော့ အတိုးနှုန်းနည်းနည်း နဲ့ ၁၅ နှစ် ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။

မြန်မာ့သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ဂျာမနီနိုင်ငံကို ရောက်ရှိခဲ့တာပါ။

သူ့ရဲ့ ဂျာမနီခရီးစဉ်မှာ ဝန်ကြီးချုပ် အင်ဂလာမာကဲလ်အပါအ၀င် ဂျာမန်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကို ၁၀ ရက်ကြာ သွားရောက်မှာ ဖြစ်ပြီး ဂျာမနီနိုင်ငံပြီးရင်တော့ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013