DVB Logo
Home
မြန်မာသတင်း
မိ‌ချောင်းတွင်းရွာကို စစ်တပ်ကဗုံးကြဲသဖြင့် ၁ ဦးသေဆုံး၊ တာမခန်ရွာ မီးရှို့ခံရပြီး အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံး 
DVB
·
March 7, 2024
မိ‌ချောင်းတွင်းရွာကို စစ်တပ်ကဗုံးကြဲသဖြင့် ၁ ဦးသေဆုံး၊ တာမခန်ရွာ မီးရှို့ခံရပြီး အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံး 
Donate to DVB

ကနီမြိုနယ်မြောက်ပိုင်း၊ မိချောင်းတွင်းရွာအနီးကို မတ် ၆ ရက် မွန်းလွဲ ၂ နာရီကျော်က  စစ်တပ်က ဗုံးကြဲကာ စက်လတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံး၊  ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

မိချောင်းတွင်း ရွာသားတဦးက “ကနီမြို့တိုက်ပွဲကို စစ်ကူလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် လမ်းမှာရှိတယ်ဆိုတဲ့ သတင်းရပြီး လာပစ်ခတ်တာ ဖြစ်နိုင်တယ်။ အဲဒီလို ပစ်ခတ်လို့ အမျိုးသားတဦး ကျည်ထိမှန်ပြီး နေရာတင် သေဆုံးတယ်။ နောက်ထပ် ၆ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရရှိတဲ့ ၉ ဦးထဲက အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်က မတ် ၅ ရက် ညပိုင်းကစပြီး ကနီမြို့နယ်မြောက်ပိုင်း တောင်ကိုးလုံးရွာအပါအဝင် ကင်း၊ မိချောင်းတွင်း ရွာတွေကို ကင်းထောက်ကာ ပစ်မှတ်ရှာဖွေပြီး လေကြောင်းက ပစ်ခတ်လေ့ ရှိတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ရွာကို မတ် ၃ ရက် မှ  ၅ ရက်အတွင်း စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီး အမှတ် ၃ ရပ်ကွက်ကစပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ကြောင်းစထိုးတဲ့ မတ် ၃ ရက်ကစပြီး မတ် ၅ ရက်အထိ နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရတယ်။ ခြေမြန်တပ်ရင်း ၁၁၉ ကို စစ်ကူလာပေးရင်းနဲ့ တာမခံကို ဝင်မီးရှို့တာ”  ပြောပါတယ်။ 

ဖေ‌ဖော်ဝါရီ ၂၆ ရက်‌ ညနေ ၄ နာရီ ၂၁ မိနစ်လောက်ကစပြီး တာမခန် ခမရ ၁၁၉ တပ်စခန်းနဲ့ နယ်မြေခံရဲစခန်းကို KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆၊ တပ်ရင်း ၃၁ နဲ့ KPDF ပူးပေါင်းအဖွဲ့တွေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဟောင်ပါးကျေးရွာအုပ်စု၊ တာမခန်ရွာရှိ ရဲစခန်းကို ဖေဖော်ဝါရီ ၂၇ ရက်က KIA နဲ့ ပူးပေါင်းအဖွဲ့က အပြီးသိမ်းပိုက် မီးရှို့ရှင်းလင်းခဲ့တာပါ။

တာမခံကျေးရွာအနီးမှာ  စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ ဖေဖော်ဝါရီ ၂၅ ရက်လောက်ကစပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013