DVB Logo
Home
မြန်မာသတင်း
ကားစလစ်ဈေနဲ့ ကားဈေးတွေ ဆက်လက်ကျဆင်းနေ
DVB
·
September 4, 2014
ကားစလစ်ဈေနဲ့ ကားဈေးတွေ ဆက်လက်ကျဆင်းနေ
Donate to DVB

ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ယာဉ်အပ်နှံတဲ့စလစ်တန်ဖိုးက ၁ ရက်ကို ကျပ် ၁ သိန်းနှုန်းနဲ့ ၃ ရက်အတွင်းမှာ ကျပ် ၄ သိန်းအထိ ကျဆင်းနေပြီး ကားဈေးတွေလည်း ကျဆင်းနေတယ်လို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရောင်းစခန်းက ၀ယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

[caption id="attachment_47198" align="alignright" width="300"]ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ် ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ်[/caption]ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယာဉ်မှတ်ပုံတင်သက်တမ်း နှစ်၂၀ ပြည့် ယာဉ်ဟောင်း “၂က” အက္ခရာတွေအတွက် ယာဉ်အပ်နှံခွင့်ကို ယခု စက်တင်ဘာ ၁ ရက်နေ့ကစပြီး လက်ခံပေးနေတာပါ။

ဒါပေမယ့် ယခုလ ၁ ရက်နေ့မတိုင်မီက ရန်ကုန်ကားဝယ်ရောင်းဈေးကွက်ထဲမှာ စလစ် ၁ စောင်ကို ကျပ် ၄၅ သိန်း ပေါက်ဈေး ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ ကျပ် ၄၁ သိန်းသာ ပေါက်ဈေးရှိလို့ ရက်ပိုင်းအတွင်း မှာ ကျပ် ၄ သိန်းအထိ ပြုတ်ကျသွားတဲ့အတွက် ဘယ်သူကမျှ ၀ယ်မလှောင်ထားရဲဘူးလို့ ရန်ကုန်တိုင်း လှိုင်မြို့နယ်ကားရောင်းဝယ်ရေးစခန်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“စလစ်ဈေးက တနေ့ထက်တနေ့ ကျတယ်။ ကျနော်မအပ်ခင် စပ်ကြားမှာ ၄၅ သိန်း ပေါက်တယ်။ ဒီနေ့ ဈေးက ၄၁ ပဲပေါက်တယ်။ ၄ သိန်းပြုတ်သွားတယ်။ ကြာရင် ပြုတ်ဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရိုးစလွန်းကား ကပ်မယ်ဆိုရင် အနှစ် ၂၀ အောက် မည်သည့် အက္ခရာမဆို သူကလည်း ၂၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရှိတယ်။ ဂျစ်ကား စက်မှုဇုန်ကလည်း ၂၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရှိတယ်။ အတူတူပဲလေ။ အဲဒီတော့ စက်မှုဇုန်ကို ၃၆၊ ၃၇ ပဲ ၀ယ်ပြီး ကပ်တော့မှာပေါ့။ ကားပြခန်းတွေကလည်း စလစ်ကပ်ကားတွေ များတယ်လေ။ စလစ်က လောလောဆယ် ဘယ်သူမှ ၀ယ်မလှောင်ရဲဘူး။ အတက်အကျ သိပ်ကြမ်းတာ။ ကြမ်းတော့ ကားအ၀ယ်လာရင် ဒီကနေ့စလစ်ပေါက်ဈေးနဲ့ ကပ်ပြီးဈေးပြောလိုက်တာပဲ။ အဲဒီလိုလုပ်တာ။”

Farmer Auto ကားအရောင်းစင်တာရဲ့ ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ကားအရောင်း စင်တာတွေမှာလည်း စလစ်တန်ဖိုးနဲ့အတူ ကားဈေးနှုန်းလည်း ကျဆင်းမှု ရှိနေတဲ့အကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ ကားအရောင်းပြခန်းတွေက ကားကိုပဲ ရောင်းတာ။ ၀ယ်တဲ့သူက သူ့ဘာသာ စလစ်ပါရတာပေါ့။ အဲဒီတော့ စလစ်တန်ဖိုးကျတဲ့နှုန်းအပေါ် မူတည်တာပေါ့။ စလစ်က ၃၀ လောက်ကျရင် သိန်း ၃၀ လောက် စလစ်တန်ဖိုးကျတာပေါ့နော်။ အရောင်းပြခန်းတွေ အများစု ကားနဲ့အခွန်တန်ဖိုးကိုပဲ တွက်တာ။ ဘာပဲပြောပြော ၀ယ်တဲ့သူ သက်သာသွားတာပေါ့။ အရောင်းအ၀ယ်ပိုပြီး ဖြစ်လာမယ့်သဘောတော့ ရှိတာပေါ့။”

အလားတူ မန္တလေးကားဝယ်ရောင်းဈေးကွက်မှာလဲ ရန်ကုန်ဈေးကွက်နည်းတူ ယာဉ်မှတ်ပုံတင်သက်တမ်း နှစ် ၂၀ ရှိတဲ့ “၂က” အက္ခရာယာဉ်တန်ဖိုးက ပြီးခဲ့တဲ့လ အတော်အတွင်းက ကျပ်သိန်း ၁၁၀ ရှိခဲ့ပေမယ့် ဒီကနေ့ အရောင်းအ၀ယ်ဖြစ်တဲ့နှုန်းက ကျပ် ၆၅ သိန်းသာရှိလို့ ကားဈေးက သိသိသာသာ ပြုတ်ကျသွားတဲ့အကြောင်းနဲ့ အရောင်းအ၀ယ်ကတော့ ပုံမှန်အနေအထား ရှိပါတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်စိုးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013