DVB Logo
Home
Lead Story
နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ၃ ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်မည်
DVB
·
September 4, 2014
နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ၃ ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်မည်
Donate to DVB

နယ်စပ်ဒေသတွေမှာ ကုန်သွယ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ နယ်စပ် ကုန်သွယ်ရေး စခန်းသစ် ၃ ခုကို ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်နေတဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပေးအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_64180" align="alignright" width="300"]မြ၀တီ-မဲဆောက် ကုန်သွယ်ရေးနယ်စပ်ဂိတ် မြ၀တီ-မဲဆောက် ကုန်သွယ်ရေးနယ်စပ်ဂိတ်[/caption]အသစ်ထပ်မံဖွင့်လှစ်ဖို့ စီစဉ်ထားရှိတဲ့ နယ်စပ်စခန်းတွေကတော့ ကယားပြည်နယ်က ထီးနယ်စပ်စခန်းနဲ့ တနင်္သာရီတိုင်းက မောတောင်နယ်စပ်စခန်းတို့ဖြစ်ပြီး ဒီနယ်စပ်စခန်း တွေက အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်မှုပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီအပြင် ချင်းပြည်နယ်မှာ အသစ်ထပ်မံဖွင့်လှစ်မယ့် ထန်တလန်နယ်စပ်စခန်းကလည်း အိန္ဒိယနိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်မှုပြုနိုင်မှာဖြစ်တဲ့အကြောင်း ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုအခြေအနေကို ကြည့်မယ်ဆိုရင် ယခု ဘဏ္ဍာရေးနှစ်ရဲ့ လက်ရှိကာလမှာ ပို့ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံခန့် ရှိပြီး သွင်းကုန်တင်ပို့မှုက အမေရိကန်ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိလို့ ကုန်သွယ်မှုပိုငွေ ၁ ဘီလီယံနီးပါး ရရှိထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် မြန်မာက ပထ၀ီအနေအထားအရ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ မြေဧရိယာအကျယ်အ၀န်းက မိုင်ပေါင်း ၅ ထောင်ခန့် ပိုင်ဆိုင်ထားရှိတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၅ ခုကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။

ဒါပေမယ့် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၅ ခုအနက် အများဆုံးကုန်သွယ်မှုရှိနေတဲ့ စခန်းတွေက မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မြ၀တီ၊ တမူး၊ တာချီလိတ်နယ်စပ်စခန်းတွေပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013