DVB Logo
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံးအတိုင်းအတာနှင့် ယစ်မျိုးခွန် တိုးမြှင့်ကောက်ခံရန် လို
DVB
·
September 3, 2014
မြန်မာတနိုင်ငံလုံးအတိုင်းအတာနှင့် ယစ်မျိုးခွန် တိုးမြှင့်ကောက်ခံရန် လို
1 / 2
Donate to DVB

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအ၀င် ပြည်နယ်တိုင်း ၁၄ခုစလုံးမှာ ယစ်မျိုးခွန် တိုးမြှင့်ကောက်ခံဖို တိုက်တွန်းလုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောပါတယ်။

Alcohol-300x206အခု လက်ရှိမှာ ယစ်မျိုးခွန်တိုးကောက်ဖို့ ပြည်နယ်တိုင်း ၄ ခုကပဲ စတင်လုပ်ဆောင်နေတာဖြစ်ပြီး ကျန်ပြည်နယ်တိုင်းတွေမှာလည်း အလားတူ တိုးမြှင့်ကောက်ခံဖို့ နေပြည်တော်မှာကျင်းပခဲ့တဲ့ ဖောင်ဒေးရှင်းရဲ့ အလုပ်ရုံဆွေးနွေးပွဲအပြီး လုပ်ဆောင်မယ့်အစီအစဉ် ထဲ့သွင်းထားတာလို့ ဒေါက်တာသန်းစိုးက ပြောပါတယ်။

“တိုင်းနဲ့ပြည်နယ် ဒေသကြီးအစိုးရတွေအနေနဲ့ သူတို့တာဝန်ရှိတာက ယစ်မျိုးခွန်တိုးမြှင့် ကောက်ခံရေး၊ တိုင်းနဲ့ ပြည်နယ် ၁၄ ခုရှိသော်ငြားလည်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအ၀င် အဲဒီဒေသတွေမှာ ယစ်မျိုးခွန်ကောက်ဖို့က သူတို့တာဝန်ပါ။ သူတို့က အခုထက်ထိ ယစ်မျိုးခွန်တိုးမကောက်သေးဘူး။ တိုးကောက်တဲ့ တိုင်းနဲ့ပြည်နယ်က ၄ ခုလောက်ပဲရှိပါသေး တယ်။ ဒီအစည်းအဝေးရဲ့ ရလဒ်က ဒါမျိုးကို ဆက်ပြီး ကျန်တဲ့တိုင်းနဲ့ ပြည်နယ်များကိုလည်း ယစ်မျိုးခွန်ဆက်ပြီး ကောက်ဖို့ ပြောချင်တဲ့ သဘောပါပဲ။”

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ဖောင်ဒေးရှင်းက ဦးဆောင်ပြီး အရက်ယမကာသုံးစွဲမှု ထိန်းချုပ်ရေးမူဝါဒနှင့် မဟာဗျူဟာများ ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့ပြီး အဲ့ဒီဆွေးနွေးပွဲမှာ ကျန်မာရေးဝန်ကြီး ဒေါက်တာသန်းအောင်ကလည်း ယစ်မျိုးခွန်တိုးကောက်ဖို့ စဉ်စားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယစ်မျိုးခွန်တိုးကောက်ဖို့ ဥပဒေပြဋ္ဌာန်းပြီး အတည်ပြုထားတာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်မှာတော့ အရက်၊ ဘီယာ ထုတ်လုပ်ရောင်းချနေမှုအပေါ် အခွန်ကောက်ခံမှု ၂ ဆကနေ ၄ ဆအထိ တိုးမြှင့်ထားတဲ့ ဥပဒေကြမ်း တခုကို စက်တင်ဘာ ၁ ရက်နေ့က အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။

ယစ်မျိုးခွန်တိုးကောက်တာ တိုင်းနဲ့ပြည်နယ်တွေအတွက် အခွန်တိုးမြှင့်ရရှိဖို့ တခုထဲအတွက် မဟုတ်ဘဲ အရက်သောက်နှုန်းလျော့ကျဖို့လည်း ရည်ရွယ်ချက်ထားရှိတယ်လို့ သိရပါတယ်။

ရန်ုကုန်တိုင်းလွှတ်တော်က လွှတ်တ်ာအမတ် ဒေါက်တာညိုညိုသင်းကတော့ ယစ်မျိုးခွန် တိုးကောက်လိုက်ရင် အရက်သောက်တဲ့သူ လျော့ကျသွားနိုင်တယ်ဆိုတာ မှန်းဆလုပ်နေကြတာ ဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

“တိကျတဲ့ သုတေသန ပြုမှုတော့ ကျမတို့ဆီမှာ မရှိပါဘူး။ အဲဒါကတော့ မှန်းဆပြီးတော့ လုပ်တာ ပေါ့နော်။ ကျမတို့ အစိုးရအဖွဲ့ လွှတ်တော်တွေကလည်း မှန်းဆပြီးလုပ်နေတာများတယ်။ မှန်းဆပြီးတော့ အခွန်တိုးကောက်တာပေါ့နော်။ ကျမ ထင်တာက သောက်တဲ့သူကတော့ အခွန်တွေတိုးလည်း သောက်မယ်ပဲ ထင်တာလေ။ ကျမထင်တာ နောက်တခုက ဘာလဲဆိုတော့ ဈေးကြီးသွားတဲ့အခါကျတော့ အရက်ကောင်းကောင်း လူတွေက မသောက်နိုင်ပဲနဲ့ လမ်းဘေးက ကျန်းမာရေးနဲ့ သင့်တော်မှုမရှိတဲ့ အရက်တွေ ဘက်ကို လမ်းလွဲသွားမှာလည်း စိုးရိမ်တယ်လေ။”

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရက်ကင်းစင်တဲ့ ရပ်ကွက်ကျေးရွာ တွေကို ရပ်ကွက်နေပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး တည်ထောင်သွားဖို့ဆိုတာလည်း ပါဝင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တရပ်အရ မြန်မာလူဦးရေ ၁၀၀၀မှာ ၂၃ ယောက် အရက်စွဲနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013