DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ၌ Non programmable scientific calculator အသုံးပြုခွင့်ပေးမည်
DVB
·
March 5, 2024
တက္ကသိုလ်ဝင်စာမေးပွဲ၌ Non programmable scientific calculator အသုံးပြုခွင့်ပေးမည်
Donate to DVB

လာမယ့် မတ် ၁၁ ကနေ ၁၉ ရက်အထိ ကျင်းပမယ့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ Non programmable scientific calculator အသုံးပြုခွင့်‌ ပေးသွားမယ်လို့ ပညာရေးအသိုက်အဝန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ အဲ့ဒီ Non programmable scientific calculator တွေထဲက ဘယ်အမျိုးအစားကိုမဆို စာဖြေခန်းအတွင်း အသုံးပြုခွင့်ပေးထားတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့တည်းက တရားဝင်ထုတ်ပြန်ခဲ့တာပါ။ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုဖို့အတွက် အသုံးပြုခွင့်ပေးတာပါ။ Programmable Calculator တွေကိုတော့ သုံးလို့မရပါဘူး။”

ဒါ့အပြင် ခက်ခဲတဲ့ဒေသတွေနဲ့ ဝေးလံဒေသတွေက စာစစ်ဌာနတွေအတွက် စာမေးပွဲခန်းမှာ အသုံးပြုနိုင်ဖို့ အဲဒီ Calculator တွေ ခွဲဝေထားပေးမှာဖြစ်ပြီး အလှည့်ကျ အသုံးပြုနိုင်ဖို့ စီစဉ်ထားကြောင်းနဲ့ ကိုယ်ပိုင်ယူဆောင်လာမယ့် Calculator တွေပေါ် မသမာမှု ပြုလုပ်ထားတာ တွေ့ရှိပါကလည်း စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ အရေးယူသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာတဦးက “အများကြီး အထောက်အကူ ဖြစ်တာပေါ့။ သိပ္ပံဘာသာနဲ့ သင်္ချာတွေမှာ ကိန်းဂဏန်းတွေကြီးလာတော့ ပေါင်းတာ နုတ်တာတွေလည်း များလာတယ်။ စနစ်သစ်ပညာရေးမှာ လိုအပ်ပါတယ်။ အရင်က Logarithm တွေနဲ့ သုံးခဲ့ရသလိုမျိုးပေါ့။ ဒီအတိုင်းထိုင်တွက်နေရရင် စာဖြေချိန်က မလုံလောက်ဘူး” လို့ ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၅,၂ဝဝ ခန့် စာရင်းပေးသွင်းထားကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံး မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တက္ကသိုလ်ဝင်စာမေးပွဲ၌ Non programmable scientific calculator အသုံးပြုခွင့်ပေးမည်